Sunday, August 29, 2010

MaeSot Overviews (5)

ပြီးခဲ့တဲ့ရက်က စိတ်က အချဉ်ပေါက်ပေါက်နဲ့ မဲဆောက်ကဗျာလေးရေးလိုက်တာ လာဖတ်တဲ့သူတွေက ၀င်နှောသွားတာတွေ့တော့ သဘောကျသွားတယ် ။ ဒါကြောင့် ဒီနေ့တော့ ကျနော်သိသသလောက် ကျနော် မြင်တဲ့အမြင်နဲ့ မဲဆောက်အကြောင်းလေးရေးဖို့စိတ်ကူးမိတယ် ။ မဲဆောက်ဆိုတာနဲ့ ထိုင်း-မြန်မာ နယ်စပ်က မြို့လေးတစ်မြို့ဆိုတာ လူတိုင်းသိကြမှာပါ ။ဘယ်နေရာကိုကြည့်ကြည့်တောင်တွေက ၀ိုင်းနေသလိုနဲ့ ရာသီဥတုလည်း သင့်တင့်မျှတဲ့တဲ့ မြို့လေးတစ်မြို့ပါ ဈေးရောင်းဈေးဝယ်လုပ်လို့ကောင်းတယ် အလုပ်အကိုင်အခွင့်အလမ်းပေါများတယ် ။အရင်တုန်းကတော့ မဲဆောက်မှာ မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က နယ်ခံတွေများပေမယ့် ခုတော့ မြန်မာပြည်အနှံ့ပြားက သူတွေကိုပါတွေ့ရပါတယ် ။

ရောက်စတုန်းကတော့ လူမျိုးရေးခွဲခြားမှုတွေရှိသေးတယ်လို့ထင်ရပေမယ့် နေတာကြာသွားလို့ပဲလားတော့မသိ အဲ့ဒီအစွဲပျောက်သွားတယ် ။ ထိုင်း သူငယ်ချင်းတစ်ချို့ကလည်း ဗမာ တွေဘာတွေလုပ်နေပါဘူး လူချင်းအတူတူပါပဲတဲ့ လေးစားဖို့ကောင်းတယ် ခေတ်လူငယ်တစ်ချို့နဲ့ ခင်မင်ခွင့်ရတာ ကျနော်ကံကောင်းတယ်လို့ပြောရမယ် ။ မဲဆောက်မှာ စက်ရုံလုပ်သားကတော့ အဓိကဖြစ်ပြီး ကျန်တာကတော့အရောင်းဝယ်ပါ ကျောက် ၊ အထည် ၊ စက်ပစ်စည်း နဲ့ စားသောက်ကုန်တွေက အဓိက ကုန်စည်တွေပါ ။မြ၀တီ မဲဆောက်ကို ချစ်ကြည်ရေးတံတားအပါအ၀င် အောက်ဂိတ်လို့ခေါ်တဲ့ လှေနဲ့ ကုန်သည်လို့ရတဲ့ လက်မှတ်အခက်အခဲရှိသောတိုင်းရင်းသားများအတွက် ဖွင့်လှစ်ထားတဲ့ ဂိတ် ၁၇ ဂိတ်ကျော်ရှိပါတယ် (ကျနော်သိသလောက်ပါ ) ။

မဲဆောက်က မြန်မာလုပ်သားများအတွက် အားကိုးအားထားရတစ်ခုတော့ ကျန်းမာေ၇းနဲ့ပက်သက်ရင် အချိန်မရွေးကုသခွင့် ဘတ် ၃၀ ပဲ လတ်မှတ်ခ ပေးရပြီး မတတ်နိုင်၇င်လည်း အလကားလုပ်ပေးတဲ့ မယ်တော်ဆေးခန်းဆိုတာလည်းရှိပါတယ် ။ ကိုယ်ဝန်သည်များ မြန်မာဘက်က ဆေးဖိုးမတတ်နိုင်လို့တကူးတက လာရောက်ကုသကြတဲ့ သူများ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရလို့ လာရောက်ကုန်သသူများနဲ့ အမြဲတမ်းလူများနေတဲ့ ဆေးခန်းတစ်ခုပါ ။မဲဆောက်မှာ မြန်မာ လူသုံးကုန်များ မရှိဘူးဆိုတာမရှိသလောက်ပါပဲ ကွမ်းသီး ၊ ကွမ်းမှအစ မြန်မာဆေးမျိုးစုံလည်းရနိုင်ပါတယ် ။ လုပ်အားခကတော့ ကျနော့်အထင် နည်းကြမယ်ထင်ပါတယ် ကျနော်ဆို စားဖို့သောက်ဖို့ကလွဲပြီး အကြွေးတောင် တင် နေလို့ခက်နေတာ ဟဲဟဲ တော်ပြီး ပြောတော့ဘူး ။ အိမ်အကူ အလုပ်သမားတစ်ယောက်ကို တစ်လ 2000 အများဆုံးပဲပေးကြပါတယ် ဒါကလည်း အပြစ်လို့တော့မဆိုနိုင်ပါဘူး ကြိုက်ရာအလုပ်သမားကို အချိန်မရွေးခေါ်နိုင်တော့ သူဌေးတွေက သိပ်အလေးမထားတာလည်းပါ ပါတယ် ။

မြန်မာစကားကို မွှတ်နေအောင်တတ်တဲ့ ထိုင်း တွေနဲ့ ထိုင်းစကားကို အရည်ကျိုသောက်မတတ်ပြောနိုင်တဲ့ မြန်မာတိုင်းရင်းသားမျိုးစုံလည်းရှိပါတယ် တစ်ချို့ဆိုထိုင်းကျောင်းပါနေခွင့်ရတဲ့သူတွေရှိပါတယ် ။ မဲဆောက်မှာ လာအလုပ်လုပ်ကြရင်း ဒီမှာပဲ ညားကြ ပြီးတော့ ခလေးတွေရကြရင် အဲ့ခလေးတွေက ထိုင်းစကားကို မြန်မာစကားထပ်ပိုကျွမ်းကျင်သွားတာတွေ့ရပါတယ် ။ ယဉ်ကျေးမှုချင်းကတော့သိပ်ကွာခြားတယ်ပြောလို့မရပေမယ့် ကျနော်တို့လူမျိုးတွေဆိုရင် ဘုန်းကြီးကြွလာတယ်ဆိုရင် နိမ့်တဲ့နေရာမှာဆင်းထိုင်ပြီး အရိုသေပေးကြပေမယ့် ဒီမှာကတော့ ဘုန်းကြီးလည်း ခုံပေါ်ထိုင် သူတို့လည်း ခုံပေါ်ထိုင် ပြီးရင်လက်အုပ်လေးချီပြီးတရားနာတာလောက်ပါပဲ ဘာသာရေးထပ် ဘုရင်ကိုကိုးကွယ်မှုလွန်ကဲနေတဲ့ စနစ်လို့ထင်ပါတယ်။ အနောက်တိုင်းရဲ့ လွှမ်းမိုးမှုကြောင့်ပဲလားတော့မသိ ချစ်ေ၇းချစ်ရာများ အိမ်ထောင်ေ၇းတွေကတော့ ကိုယ်တွေစိတ်နဲ့လုံးလုံးဆန့်ကျင်နေတာပါပဲ မြန်မာအမျိုးသမီးတစ်ယောက် ရည်းစားများရင် ရပ်ကွက်ထဲမှာ ပြောစရာတွေဖြစ်ပေမယ့် ဒီမှာကျတော့ ဘယ်သူကမှ အရေးမထားတဲ့ ဖြစ်ရပ်မျိုးကိုတွေ့ရပါတယ် ။

အပေါ်က စရိုက်မျိုးကို ဘယ်လိုနေရာမှာထင်ထင်ရှားရှားတွေ့ရသလဲဆိုတော့ အိမ်ထောင်ရှိလျှက်နဲ့ နောက်ရည်းစားထားရင် အဲ့အသုံးနှုန်းကို ““ကစ်””လို့ခေါ်ပါတယ် (ဘာကစ်တာလဲတော့မသိ ) အဲ့ ““ကစ်”” ထပ် နောက်ထပ်တစ်ယောက်ဆိုရင် “ကာ့” လို့ခေါ်ပါတယ်တဲ့ ။ ပြီးတော့ တရားဝင်လူသိရှင်ကြားလပ်မထပ်သေးကြပေမယ့် တူတူနေတဲ့သူတစ်ချို့ကိုလည်း တွေ့ရပါတယ် တရားဝင်ယောက်ျားကို “ ဖူဝယ်” ၊ တရားဝင်ဇနီးကို “မြား ” လို့ခေါ်ဆိုကြပြီး မင်္ဂလာမဆောင်ရသေးပဲတူတူနေကြသူတွေကိုတော့ “ဖန် ” ချစ်သူ လို့ပဲ သတ်မှတ်ကြတာကို ထူးထူးခြားခြားတွေ့ရပါတယ် ။ပညာရေးစနစ် ကိုလည်း အစိုးရကအများကြီးထောက်ပံ့ထားပေမယ့် ထိုင်းကျောင်းသားတွေက ကျနော်ကတော့ ညံ့တယ်လို့ထင်ပါတယ် အထက်တန်းအောင်ထားတဲ့ အလူုပ်ကသူငယ်ချင်းတစ်ယောက်ဟာ Happy Birthday ကိုတောင် မှန်အောင်မပေါင်းနိုင်တာဟာလည်း ထူးခြားဖြစ်စဉ်တစ်ခုပါပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မိခင်မွေးရပ်မြေမဟုတ်ပေမယ့် နွေးနွေးထွေးနွေးအမြဲကြိုဆိုပေးနေတဲ့ မဲဆောက် မြို့ ကလေးကို ကျနော်ကတော့ချစ်ပါတယ် နောက်များလည်း အဆင်သင့်ရင် ဆက်ရေးပါအုံးမယ် နောက်ထပ်လည်း ရေးစရာတွေအများကြီးရှိပါသေးတယ် ကြက်ပေါင်အကြောင်း အပါအ၀င်ပေါ့ ။မဲဆောက်မြို့ ပုံတစ်ချို့ကိုတော့ ကျနော့်ဆြာ ကိုသင်္ကြန်ရိုက်ထားတဲ့ ပုံတွေကို တင်ပေးလိုက်ပါတယ် အားလုံးကျေးဇူး ။




ကားဂိတ်၊ ဆိုင်ကယ်ဂိတ်တွေဆိုက်တာနဲ့ မြင်ရတဲ့ မဲဆောက်ဈေးအ၀င်ဝပုံပါ ။
မဲဆောက်စာတိုက်ပါ ဒီပုံကိုကြည့်ပြီး ဓာတ်ပုံရိုက်တော်တဲ့ ဆြာ့ကိုလေးစားသွားတယ် ကျနော်သာရိုက်ရင်တစ်ပိုင်းပဲပေါ်မှား)
မဲဆောက်ဆေးရုံပါ အစိုးရဆေးရုံမဟုတ်တော့ ဈေးကြီးတယ်လို့ကြားဖူးတယ် ။
မဲဆောက်မှာ ထိုင်းတရုတ်တွေလည်းများပါတယ် ဒီပုံကတော့ မြို့လယ်က တရုတ်ဘုံကျောင်းပါ ။
အာရှလမ်းမပေါ်မှာရှိတဲ့ မဲဆောက်ပန်းခြံပါ ။
ပန်းခြံအ၀င်ဝ
မဲဆောက်ဈေးအနီးတစ်နေရာ မြေညီထပ်တွေကို ဆိုင်ခန်းဖွင့်ထားကြတာများပါတယ် ။





Saturday, August 28, 2010

ချစ်ရတာ



ရှိသမျှ အကုန်လုံးခင်းကျင်းပြထားတာတောင်
ထပ်လိုချင်သေးတယ်ဆိုတော့
မင်းကို ပေးစရာ ငါ့မှာ
ဘာမှမရှိတဲ့ ရင်ခွင်ဟောင်းကြီးတစ်ခုပဲရှိတော့တယ်
ကဲ...ပြော သိပ်စိတ်မရှည်တော့ဘူး
လိုချင်သေးလား???





Friday, August 27, 2010

လွှတ်ချခွင့်ပြုပါ အမေ

သို့ /
အမေ

အမေချစ်တဲ့သား အမေ့ကိုချစ်တဲ့သား အဝေးတစ်နေရာမှာ ခလုတ်တိုက်တော့အမိတဆိုသလို အခုဖြစ်နေပြီး လျှောက်နေတဲ့လမ်းမှာ ခဏခဏ ခလုတ်တိုက်မိနေလို့ ခြေလှမ်းတွေကို လှမ်းဖို့ တောင်ကြောက်နေမိပြီး ရှေ့ဆက်ရမှာလည်း ပျော်စရာတွေ စတေးရမယ်ဆိုတာ သိနေတယ် နောက်ဆုတ်သွားရင်ကော ကျနော်တို့ လို လူတန်းစားတွေအတွက်မရှိမဖြစ်အရာတွေ ရှားပါးမယ့်နေရာ မစဉ်းစားချင်တော့လောက်အောင် ခေါင်းထဲမီးတောက်နေပြီး အခုတော့ အလယ်တည့်တည့်မှာရပ်နေတုန်းပါ ။ ရွာနွားက မြက်ရွာနွားမစားချင်လို့  မြက်နုရာကိုလာခဲ့မိတာ သိလားအမေ ဒီနေရာမှာ သူ့ ထက်ငါ ဗိုလ်လုပ်ချင်ကြတဲ့ကျားရဲတွေပေါတယ်ဆိုတာ လျှင်သူစားကြေးဆိုတဲ့ ၂၁ ရာစုခေတ်ကြီးပေါ့။ မြှောက်ပင့်တယ် ဆွဲချတယ် အဆင်းဘီးတပ်တယ် ခြေထိုးခံတယ် နဂါးမျက်စောင်းတွေ ပေါသလို အစွယ်တစ်မြှားမြှားနဲ့  ဆင်ရိုင်းတွေလည်းပေါတယ် ဒီတောနက်ကြီးထဲမှာ ကျနော်က ဘာအစွမ်းစမှမရှိတော့တဲ့ ယုန်သူငယ်တစ်ကောင်ပါပဲ........။

ဘ၀ဆိုတာ သမ၀ါယမ ခေတ်ကလို ဆပ်ပြာတစ်တုံးလိုချင်ရင် အပ်ချည်ဆွေးဆွေးတစ်လုံးပါတွဲယူရတယ်တဲ့ မှန်လိုက်တဲ့စကား ကျနော်သိလိုက်တဲ့ ဘ၀ ဆိုတာကတော့ ပြောင်းလဲမှုပေါင်းများစွာပေါင်းစုနေတဲ့ အက္ခရာလေး ၂ လုံး သူက ဘ၀ ပေါ့ .။ အခု ကျနော် နေထွက်လာတာလည်းမသိဘူး နေ၀င်သွားတဲ့ ညနေခင်းကိုလည်းမခံစားတက်ဘူး နာရီတွေလည်နေတာလည်းကျနော်နဲ့ မဆိုင်သလို။ အဖေ က အမေ့ကိုပြောဖူးတဲ့ စကား “ နင့်သားက ပျော့မလိုလိုနဲ့  မာပါတယ် အဖွားကြီးရယ်” တဲ့ ဟုတ်လား အမေ ကျနော်လည်း ကိုယ့်ကိုယ်ကို အဲ့လိုပဲထင်မိခဲ့တာ တကယ်မဟုတ်မှန်း အခုမှကျနော်သိတော့တယ် ။ နွေ မိုး ဆောင်း ဥတုသုံးပါးစလုံး ရိရွဲရွဲ ခမောက်ကိုစောင်း တစ်နာရီပြည့်အောင် မနားဖူးတဲ့ မောတယ် စိတ်ညစ်တယ်လို့  မပြောဖူးဘူး တဲ့ အသက် ၆၀ နီးပါး အဖေ ကိုမှ အားမနာ ကျနော်က အခုမောနေမိပြီး..။ ကိုယ်မထင်မှတ်ထားတဲ့ အခြေတစ်ခု ဘွား ခနဲ ပေါ်လာတဲ့အခိုက် ရင်ဆိုင်လိုက်ရတာ အသက်ရှူရပ်မတက်ပဲ။ “ အမေ မသေသေးခင်တော့ နင်တို့ ကိုရှာကျွေးနိုင်ပါသေးတယ်” အမေ့စကား အမေရှိရင် ငွေရှိတယ် အချိန်တန်ရင်တော့ အိုးထဲမှာ ပေါ်ဆန်းမဟုတ်ပေမယ့် ထမင်းပူပူလေးတွေကတော့ ရှိမြဲပါ။

တကယ်တော့ လက်ငါးလုံးစာလောက်ပဲရှိတဲ့ ကျနော့်အစာအိမ်က တစ်နေ့ မှ ထမင်း ၂ နပ်ပဲစားတာလေ ပိုပြီးလည်းမစားနိုင်ပါဘူးဗျာ ကိုယ့်အစာ ကိုယ်ရှာစားမှပဲ မြိုချလို့ ကိုမရတော့လောက်အောင် စိတ်ဓာတ်တွေက......................။ ဘယ်သူ့ ကိုမှတာဝန်မယူနိုင်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်မယ်ဆိုတဲ့ မာနတွေ အခုတော့ ပျောက်ရှပြီး အားတွေလည်းပြတ်လို့ ပေါ့ အမေရာ ကျနော် သိပ်ပျော့ညံ့သွားသလားးး ရေခြားမြေခြားဆိုရင် သားက ဖျားဖျားချင်လာပြီး မေတ္တာတွေလည်းငတ်နေပြီး လူပေါင်း သန်း ၆၀ ကျော်တောင် ရှားပါတယ်ဆိုတဲ့ နေရာမှာ အသက်ရှင်နိုင်သေးတာပဲ ကျနော့်တစ်ယောက်တည်းအတွက်တော့ ပိုပြီးရှားနေတော့မယ်မထင်။ဒီ့ထက်လည်း ဘ၀မှာဒုက္ခမရောက်တော့ပါဘူးလို့ ထင်မိတာပဲ ။ကျနော်ကအမေ့အတွက် သား ရတာနာ ဖြစ်သွားရတဲ့အတွက်တော့ ပြောစရာစကားတွေမရှိတော့ပါဘူးလေ ဒီတစ်ခါတော့ သားဆွဲထားရတဲ့ အထုတ်ကြီးတစ်ထုတ်ကို လွှတ်ချခွင့်ပြုပါ အမေ.........။


ဘယ်လိုမှကို
ပြောမပြတတ်အောင်ပါပဲ................

ဒီတော့လည်း
ပြောပြမနေတော့ဘူး
ပြန်လာရင်ပြဖို့တော့
အထပ်ထပ်ထုပ်သိမ်းထားလိုက်တယ်
ရှင်းရောပေါ့.............

အဲသလိုပါပဲ
အမေ့ကိုလွမ်းတဲ့အမေ့သားက
တစ်ခါတစ်လေတော့လည်း
လွမ်းရေးထက် ၀မ်းရေးပိုခက်နေတယ် ။







Thursday, August 26, 2010

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။


မျှားပြာ

ကျနော်တော်တော် ငယ်ပါသေးသည် ။

ကျနော်တော်တော် ငယ်ပါသေးသည်ဆိုလို့ အသက်ကိုပြောတာမဟုတ်ပါ အသက်ကတော့ အင်း မှန်းကြည့်ပါ ရုပ်နဲ့ဘယ်လိုမှမထင်ရဘူး ကိုယ့်အကြောင်း သေချာမသိသေးတဲ့သူတွေကတော့ မှန်းကြည့်လေလို့ဆိုတိုင်း ၁၈ နှစ်တောင် ပြည့်အုံးမှာမဟုတ်ဘူး ဆိုပဲ အဲ့လောက်ထိ အရွယ်တင်နုပျိုတာ ကေသီပန်သုံးလို့တော့မဟုတ် ဆေးကောင်းလေးတွေတော့ ဆောင်ထားသား (နောင်တော် ဘလော့ဂါများ ဆေးကောင်းများ လိုချင်ရင် တိုးတိုးတိတ်တိတ် လက်တို့ပါခင်ဗျား ) ။တွေးမိပါတယ် အမှားတွေနဲ့တွေ့လိုက်ထပ်ပြင်လိုက် ပြီးတော့ထပ်မှာ သင်စရာတွေက ကုန်ကိုပဲမကုန်နိုင် ။ ငယ်ငယ်တုန်းက အမှတ်ရသေးတယ် စာအုပ်သစ်လေး ၀ယ်ပြီးတိုင်း ပထမဆုံးတစ်ရွက်ဆို လက်ရေးလေးက လှလှ နောက်ပိုင်းဆိုရင်တော့ ဗျိုင်းပျံ တွေ ငှက်ပျံတွေဖြစ်ကုန်ကော အင်း စာရွက်တွေကုန်တော့မယ်ဆိုရင်တော့ နောက်တစ်အုပ်ကျ လက်ရေးလှလှရေးရမယ်လို့ဖြစ်ပြန်ကော ။

ဒီလိုပါပဲ အငယ်လေးတုန်းကတော့ ကိုယ့်ဘ၀က ပထမဆုံးစာရွက်လေးပေါ့ ဆေးစက် မှင်စက်တွေကင်း ဖျက်ရာတွေကင်းတယ် တဖြည်းဖြည်းနဲ့ လောကဓံမုန်တိုင်းတွေကြားမှာ လက်ရေးနဲ့တူတဲ့ တစ်နေ့တာဖြတ်သန်းမှုတွေကလည်း မြွေလို အမောက်ထောင်လိုက် ကြောင်ကလေးလို အမြီးလေး နန့်တန့်တန့်ဖြစ်လိုက်နဲ့ စုံလို့ပါပဲ အမှားတွေများ နောင်တတွေနဲ့ကြုံရပြီဆိုရင်တော့ နောင်မမှားအောင် ဆင်ခြင်ရမယ်ဆိုတဲ့ သံဝေဂ တရားလေးနဲ့ နောက်ဆုံးတော့လည်း ဒုံရင်း ဟာ ဒုံရင်းပဲ ဘာမှမပြောင်းလဲ ။ ခေတ်ကြီင်္းကလည်း စတိုင်လ် နဲ့ မလိုင်နဲ့ လှည်းပဲမောင်းတတ်တဲ့ ဦးသံချောင်းက အခုတော့ ဖွက်ချက်လေးနဲ့ အလုပ်တွေဖြစ်လာပြီး တိုးတက်လာတာ ကိုယ်လည်းတိုးတတ်လာပါတယ် ။

“ဖိမျိုး ကျပိုင်မိုင် ” ၊ “ ပိုင်ဒွဲ့ ” လာမမေးနဲ့ သွားမလား သွားမယ်ပဲ သောက်မလားဆို ဟဲဟဲ တိုက်ရင်သောက်မယ် ။သူငယ်ချင်းတွေ စကားများ ရန်ဖြစ်ကြပြီဆိုရင် “ မင်းကလည်း တို့တွေက ခလေးတွေမဟုတ်တော့ဘူးလေ ပထမနှစ်တက်တုန်းကလို မာမား လုစားကြလို့ရန်ဖြစ်ကြရတော့မယ် အဖြစ်လည်းမဟုတ်ဘူး အသက်တွေက ကြီးလာပြီးလေ ” လို့ ဆြာလုပ်တတ်တဲ့ ကျနော်က မီး ၁၂ နာရီကျော်မှ လာလို့ ထမင်းထချက်ရမယ့် အလှည့်ရောက်ရင် ၀ိုင်းကူမယ့်သူမရှိလို့ စိတ်ဆိုးပြီးဆိုရင် ရန်ကုန်က ၅ ထပ်ကနေ ငရုပ်သီးထောင်းတာ ကုလားတက် တုန်း ခေါက်သလို တတုန်းတုန်းနဲ့ ။

စားစရာတွေ့လို့ စားချင်ပြီဆိုရင်လည်း ဇိုးခနဲ့ဇက်ခနဲ့ အထင်မလွဲပါနဲ့ နေ့လည်ပိုင်းစားစားဖြစ်နေတဲ့ ကွတ်တီယို ကိုပြောတာပါ ။ ပုလိပ်တွေ အရမ်းဖမ်းနေတယ် ကြားတယ် အပြင်မသွားနဲ့ဆိုရင် ဖမ်းခံထိရင် ဖုန်းဆက်လိုက်မယ် လာရွေးလို့ ရွဲ့ပြောပြီး သွားဖြစ်အောင် သွားလိုက်သေးတဲ့ အကျင့်က အငယ်တုန်းက အတိုင်း ။အသက်သာကြီးတယ် ကျနော် မရင့်ကျက်သေးပါ လိုချင်တာတွေသာများလာတယ် လိုအပ်တာတွေကို ဖြည့်စီးဖို့ ကျနော်မစွမ်းဆောင်နိုင်သေးပါ ချစ်ချင်တာသာ သိတယ် ရှေ့ဆက်ရမယ့် လမ်းခရီးအတွက် ကြိုတင်စီစဉ်ထားခြင်းမရှိသေးပါ ။ တစ်ချို့ ကိုယ့်အရွယ်တွေများ သားနဲ့မယား နဲ့ အိမ်နဲ့ ခြံနဲ့ ဟုတ်လို့ သေရင် ငိုမယ့်သူက ရှိသေး မွေးသဖခင် ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ် ချစ်လှစွာသောခင်ပွန်းဆိုတဲ့ ဘွဲ့တွေကိုတောင် ရပြီး ကိုယ့်မှာတော့ အမယ်မင်းရယ်မှ မကယ်နိုင် ငှက်ပျော်တုံးကြီးကို ဖက်လို့ အမလေး ပြောရင်း ကြက်သီးထလိုက်တာ (အဲ့လိုများဖြစ်လို့ကတော့ မိုးယံ ၊ မေပယ်လ် တို့တွေကတော့ ဒိုင်လာကိုင်မှာ မြင်ယောင်သေး ) ။

ကျနော် တော်တော် ငယ်သေးလို့ပေါ့ မဟုတ်၇င် ဒီလို အရည်မရ အဖတ်မရ စာကိုရေးဖို့ မနက် ၁ နာရီကျော်ထိ ဘယ် ဘလော့ဂါက မှ ပို့စ်လာတင်မယ်မထင်ပါ ကျနော် တော်တော် ငယ်တာလား ဒါမှမဟုတ် ကျနော်တော်တော် ဂစ် နေလားတာဆိုတာ ??????



Tuesday, August 24, 2010

မဲဆောက်


ဟိုကောင်မလေး လန်းတယ် မဲဆောက်
ပေါင်တံဖြူဖြူ စကပ်တိုတိုလေးတွေ ၀တ်တဲ့ မဲဆောက်
ပုလိပ်ကြီးက ဖမ်းတယ် မဲဆောက်
ဟုတ်တာကော မဟုတ်တာကော အော်တတ်တဲ့ ကာလာစုံ ဗလာ ဗလာတွေများတယ် မဲဆောက်
ဒေါ်လာ စားပြီးအော်တဲ့ သူတွေများတယ် မဲဆောက်
ပေါ်တာ စားပြီးအော်တဲ့သူတွေများတယ် မဲဆောက်
၁၅ ဘတ် တန်ကြက်ပေါင်ကျွတ်ကျွတ်ကနေ
၁၅၀၀ တန် ကြက်ပေါင်ကြီးကြီးတွေထိ စားလို့ရတယ် မဲဆောက်
လွယ်လွယ်ချစ် လွယ်လွယ်ပစ်လို့ရတယ် မဲဆောက်
ချစ်တမ်း ကြိုက်တမ်း ကစားလို့ရတယ် မဲဆောက်
“ဟဲလို ဖုန်းမှားသွားလို့ နာမည် ဘယ်လိုခေါ်လဲ ” ဒါမျိုးအထာတွေများတယ် မဲဆောက်
လျှင်သူစားတယ် မဲဆောက်
ဒီနေရာမဲဆောက် မှာ ကြမ်းပိုးကို လိပ်ဖြစ်အောင်ရေးတဲ့
ဘလော့ဂါ တစ်ကောင်လည်း ရှိတယ် မဲဆောက်
“ဆော်ဝါဒီခပ် ” မဲဆောက်
“မင်္ဂလာပါ ” မဲဆောက်
“ ဆဘိုင်ဒီမိုင် ” မဲဆောက်
“ နေကောင်းလား ” မဲဆောက်
ခု အဖျားတက်နေတဲ့မြို့ အဲ့တာ မဲဆောက်

Sunday, August 22, 2010

လက်ကလေးပြ နှုတ်ဆက်သင့်ပါတယ် ။


တစ်ယောက်ပခုံးတစ်ယောက်ဖက်လို့ပျော်မြူးခဲ့ရဖူးတဲ့ရှားရှားပါးပါး သူငယ်ချင်းတစ်ယောက်ရှိတယ် ။ ကျောင်းသားဘ၀တုန်းက ကိုယ်ထိုင်ချတော့မယ် လုပ်ခါမှ ခုံကို နောက်ဆွဲလိုက်လို့ ပို့လို့ပက်လက် လန်တုန်းက စိတ်ကလည်းတို ရှက်ကလည်း ရှက်နဲ့ သူ့မျက်နှာကို ထိုးလိုက်တာလား ပြောင်သလိုလိုနဲ့ ရိုက်ထည့်မိလိုက်တာလားမသိဘူး သူ့မျက်နှာရဲပြီး မျက်ရည်တွေ ၀ဲသွားတာတော့ သတိထားမိတယ် ။ စာတအားကျက်ပေမယ့် ကျက်သလောက် မမှတ်မိတတ်လို့ စာမေးပွဲခန်းထဲ ၀င်ခါနီးတိုင်း “ စိတ်အေးအေးထား သိတာတွေသာရေးချ အဓိကက စာတွေရှိနေဖို့လိုတယ် မင်းကျက်ထားတာတွေ အများကြီးပဲ ရမှာပါ စိတ်မပူနဲ့ ” ။ စာမေးပွဲဖြေနေချိန်အတွင်း ကိုယ်ရတာမရတာထက် ချွေးပြန်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီင်္း ကိုယ်ပါချွေးပြန်ရတာက ခဏခဏ ။

“ ငါ ဒီနေ့ကျောင်းမတက်တော့ဘူး ဖျားချင်သလိုဖြစ်နေတယ် ” ချစ်ရတဲ့သူငယ်ချင်းက ညနေကျောင်းဆင်းတာနဲ့ အိမ်ကိုရောက်လာပြီး အဖော်နေပေး စိတ်တွေ ပြောင်းအောင် လုပ်ပေးတတ်တယ် ။ တကယ်တော့ ဘ၀မှာ သူငယ်ချင်းတွေ အများကြီးထပ် ကိုယ်နဲ့စိတ်တူကိုယ်တူ မျှဝေခံစားပေးနိုင်တဲ့ သူင.ယ်ချင်းတစ်ယောက်ထဲက ပိုပြီးတန်ဖိုးရှိတယ်လို့ထင်မိပါတယ်။ သူ့ဘ၀အကြောင်း ကိုယ့်ဘ၀အကြောင်းတွေ ရင်ဖွင့်ကြရင် ညီအစ်ကိုအရင်းတွေလို ချစ်ကြတဲ့ သူငယ်ချင်း။ “ ဟဟား....မင်းရည်းစားထားနေပြီဆို ပြစမ်း ငါ့ကို အဲ့စာ ”မြီးကောင်ပေါက်စေ အရွယ်မှာ ရင်ခုန်တတ်လာတဲ့ သူငယ်ချင်းက ရည်းစား ထားချင်စိတ်ဖြစ်တော့ စိတ်ပဲမကောင်းသလိုလို မနာလိုတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ ။ ကောင်မလေးက ငြင်းလိုက်တယ်ဆိုတော့ စိတ်ဓာတ်တွေ ကျသွားတဲ့ သူငယ်ချင်းကို သနားလို့ ဘောလုံးကန်နေရင်း မတော်တဆလိုလိုနဲ့ ကောင်မလေးနောက်ကျောကို ထိအောင်ကိုကန်ထည့်ပစ်လိုက်တယ် ။ ဒါက state ကျောင်းသားဘ၀ အဖြူ အစိမ်းနဲ့ မြီးကောင်ပေါက်စအရွယ်တုန်းကပါ ။


“ ငါ မလေးရှား သွား အလုပ်လုပ်တော့မယ် ” လို့ သူငယ်ချင်းက ပြောတုန်းက “ ကျောင်းမတက်တော့ဘူးလား မင်းပြောတော့ ဆယ်တန်းအောင်လည်း ငါတို့ တူတူတက်မယ်ဆိုကွ မင်းက ဘာလဲ ၊ ဘာလဲဟ ” အဲ့ဒီစကားတွေပဲပြောလို့ထွက်ပြီး စိတ်ဆိုးလို့ သူ့ကို စကားမပြောဖြစ်တာတော်တော်ကြာသွားတယ် အမှန်က သူ့စီးပွားရေး အခြေနေကြောင့်ဆိုတာ အချိန်နှောင်းမှ သိမိတယ် ။ သူငယ်ချင်း နိုင်ငံခြားထွက်ခါနီ အိမ်ကို လာလာတတ်ပေမယ့် သူလာတိုင်း ရှောင်နေမိတယ် ။ သူသွားမယ့်နေ့ လိုက်မပို့ဖြစ်တဲ့ကျနော် မျက်ရည်တွေနဲ့ပဲ သူငယ်ချင်း အဆင်ပြေပါစေလို့ ဆုတောင်းရင်း လက်မပြပဲ စိတ်ထဲက နှုတ်ဆက်လိုက်တယ် ။ အဲ့တုန်းက သူက ဘ၀အစအတွက် ငွေရှာဖို့ စွန့်စားတဲ့ အချိန် ကိုယ်က တော့ယောင်လည်လည်နဲ့ ပညာတွေ ကို သူငယ်ချင်းမတတ်ဖြစ်တော့တဲ့ကျောင်းမှာ စိတ်မပါ့တစ်ပါနဲ့ ။

“စာလာတယ် ငါ့တူကိုလည်း သတိရကြောင်းနဲ့ သူ့ဆီစာရေးဖို့ မှာလိုက်သေးတယ်” သူ့အမေ ပြောတုန်းက ဟုတ်ကဲ့ ကျနော်လည်း သတိရပါတယ် စာရေးထားမယ်လို့ အမြဲပြောနေပေမယ့် တစ်ခါမှ စာမရေးဖြစ်ပါဘူး ။ ဒါပေမယ့် သူ့ကို အမြဲသတိရပါတယ် ။ ကိုယ်ကျောင်းပြီးတဲ့ နှစ် သူပြန်ရောက်လာတယ် အရင်လို ငပုလေးမဟုတ်တော့တဲ့ သူငယ်ချင်း အသားတွေကဖြူ အရင် ပုဆိုးကို ခါးမှာ တင်းနေအောင် ၀တ်တတ်တဲ့သူငယ်ချင်းက ဘောင်းဘီကို စတိုင်လ်ကျကျ အတွင်းခံပေါ်အောင် ၀တ်တတ်နေပြီး ။ အိမ်အပြန်လက်ဆောင် အများကြီးဝယ်လာပြီး အိမ်ကိုလာလည်တဲ့နေ့က “ ဒီလက်ဆောင်တွေထပ် ငါက မင်းကိုပိုသတိရနေတာပါကွာ ” လို့ပြောလိုက်မိတော့ “ အေးပါ ငါလည်း မင်းကိုသတိရပါတယ်” အသံတွေတုန်နေရင်း ပြောတဲ့ သူငယ်ချင်း ။ ညီနောင် သံယောဇဉ်တွေ ရှိနေတုန်းပဲဆိုတာ သိလိုက်တာက ၂၀ ကျော်စ ဘ၀ရဲ့ ရိုက်ခပ်မှုကို အတော်အသင့်ကျင့်သားနေတဲ့ အရွယ်ပေါ့ ။

“ငါလည်း အလုပ်တစ်ခုခုတော့လုပ်မှ အစ်ကိုတို့ဆီ သွားကြည့်မလားလို့ ” သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်တဲ့နေ့ကအဆင်ပြေပါ့မလားတဲ့ သူက အဲ့စကားတစ်ခွန်းပဲပြောတယ် ။ သူသွားတုန်းက ကိုယ်လိုက်မပို့ဖြစ်ပေမယ့် ကိုယ်သွားမယ့် ညက သူက ကားဂိတ်လိုက်ပို့ပေးတယ် “မင်း မလုပ်နိုင်ရင် ပြန်ခဲ့နော် ” တဲ့ ပြီးတော့ အေးစက်နေတဲ့လက်တွေနဲ့ ကျနော့်လက်ကို ဆုပ်ကိုင်ပြီးစကားတွေ အများကြီးပြောနေတဲ့သူငယ်ချင်း အေးစက်နေပေမယ့် သူငယ်ချင်းရဲ့ လက်ထဲက နွေးထွေးမှုတွေကို ကျနော် ခံစားမိတယ် ။

သူနေမကောင်းဘူးဆိုတဲ့ သတင်းကြားတော့ သူက ကျန်းမာရေးကောင်းတာပဲလေ သက်သာသွားမှာပါလို့ ဖြေတွေးမိပေမယ့် နောက်တစ်ကြိမ် ဖုန်းလာတော့ စိတ်ထဲထင့်နေတဲ့ကိုယ် “ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ **** နေကောင်းပြီမှတ်လား ” လို့ အလောတကြီးမေမိတော့ ဘယ်လိုမှ မမျှော်လင့်ထားမိတဲ့ သတင်း သူငယ်ချင်းဆုံးပြီတဲ့ အမြဲတန်း ကျန်းမာသန်စွမ်းနေတဲ့ သူငယ်ချင်း အနစ်နာခံတဲ့ သူငယ်ချင်း သူက လက်မပြ ပဲနဲ့ ကိုယ့်ကိုနှုတ်ဆက်သွားပြီး မင်း ငါ့ကိုများ ဂလဲ့စားပြန်ချေတာလား သူငယ်ချင်းရယ်လို့ အသံတိတ်စကားပြောရင်း အဲ့ဒီညက ကိုယ့်မျက်ရည်တွေကို ဘီယာနဲ့ အမြီးလုပ်လိုက်တယ် ။ တကယ်ဆို မင်းငါ့ကို လက်ကလေးပြ နှုတ်ဆက်သင့်ပါတယ် သူငယ်ချင်းရယ် ။

တောင်းဆု

ဆုတောင်းတိုင်းသာ ပြည့်ကြေးဆိုရင်
လောကမှာ ၀မ်းနည်စရာတွေ ၊ အဆင်မပြေမှုတွေရှိမယ်မထင်
ဖြစ်ချင်ခဲ့တာက နွေးထွေးတဲ့ မေတ္တာတရားတွေကြား
စစ်မှန်တဲ့ ချစ်ခြင်းတရားတွေ
ဖြစ်နေတာက အပြုံးတု
တိတ်ဆိတ်တဲ့ အခန်းထဲ အထီးကျန်စွာ
နေရာတကာ Three Shadow တဲ့
မုန်းလိုက်တာ

နေ့ တိုင်း ဖော်လုံး ၊ ရွှီးလုံးတွေနဲ့ 
''အော် ..ဟုတ်ကဲ့ ''
''ရတယ်ခင်ဗျ ကျနော် လုပ်လိုက်ပါ့မယ်''
''အားမနာပါနဲ့  ကျနော် ကူညီနိုင်ပါတယ် ''
''ဟုတ်လား ထင်တော့ထင်သား သေချာတော့ မသိဘူး ''
ဒီလို ဒီလို မုသားမပါ လင်္ကာမချော စကားလုံးတွေကြား နစ်မှန်းမသိ နစ်
အရိုးခံလေးပါလို့ ထင်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် မုန်းတတ်လာပြီး

ဖြစ်ချင်ခဲ့တာတွေ ဖြစ်ခွင့်မရတော့
ဖြစ်သင့်တာတွေ လုပ်လာခဲ့တာ
တစ်ခါခါတော့ ကျနော် အရမ်းမောလှပြီ ''အမေ''
ဘ၀ကို ပ (ပဇောက်) လို အမြင့်ကိုတက်နိုင်ဖို့ အတွက်
င လို ဘေးဘီကိုကြည့်
၁ (တစ်) လို လူတစ်ကာကိုပြုံးပြ
အခုတော့ ဘ၀ က ခါးသက်လွန်းလို့ 
ဂ (ဂငယ်) ကွေ့ ပြန်ကွေ့ ချင်တယ်
အရာရာက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းတဲ့လား
ဘ၀ကို ကြည့်ပြီးသား ရုပ်ရှင်လို နောက်ပြန်ဆုတ်လို့  ရမယ်ဆိုရင်
လွမ်းခန်း ၊ ဆွေးခန်းတွေကို ဖြတ်ပြီး
ငြိမ်းချမ်းမှုတွေနဲ့  ဇတ်သိမ်းခန်းကိုကြည့်ချင်တယ်။

Friday, August 20, 2010

my love



Voice of little birds

Wake me up

Shining of dawn open my eyes

But I need your smile

For open my heart.

Did you touch the rain this morning???

Feel warm???

Cause this rain carry my heart to you

Miss you in the rain.

When I got hungrier

That mean I felt

I miss u more .

Among 100 percent in my soul

I used 50% to love

20% miss and

30 % to worry for my lover

So all of my heart for only you.



P_S> ဆယ်တန်းတုန်းက အင်္ဂလိပ်စာဂုဏ်ထူးထွက်ဖို့ ၃၅ မှတ်ပဲလိုတဲ့ အီးကဗျာ ဆရာကြီးရဲ့ တစ်ပုဒ်တည်းသော အီးကဗျာလေးပါ အဲ့လောက်ကတော့ ၈တန်းကျောင်းသားတောင်ေ၇းတတ်သေးတယ်လို့ အားနာပြီး မပြောခဲ့ဘူးထင်တာပဲး)

Wednesday, August 18, 2010

ပလာစတာ

ကျနော်ဆိုတဲ့ကောင်ကတော့ဗျာ အလွဲဆိုတာ ကိုယ့်ရဲ့အရိပ်လို ဖြစ်နေပါ ပြီး တစ်ခါမှ အဆင်ပြေပြေ နဲ့ ပြီးသွားတယ်ဆိုတာမရှိသလောက်ပဲ ၊ အဲ…. အဆင်ပြေခဲ့ ရင်လဲ ၁၀ ခါလောက် မှ ၁ ခါပေါ့ ။ ကျနော်က ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့  စာရေးလေး တစ်ယောက်ပါ ၊ တကယ်တော့ ဘာမှ လဲ မယ်မယ်
ရရ မတတ်ပါဘူး၊ နေတာကတော့ ရုံးခန်းနဲ့ နည်းနည်းလေးလှမ်းတဲ့  အခန်းလေး တစ်ခုမှာနေတယ် ခြံဝင်းတစ်ခု ထဲမှာပါပဲ တစ်ယောက်ထဲ သူငယ်ချင်း အပေါင်းအသင်းကလဲ မရှိ . တနင်္ဂနွေ လို ပိတ်ရက်မျိုး
ဆိုရင်တော့ အခန်သန့်ရှင်ရေးလုပ် ၊ ကိုးရီးယား အ၀တ်လျှော် နည်းလေးနဲ့အ၀တ်လျှော်(ကော်ဇလုံးအကြီးကြီးထဲ ဆပ်ပြာရေဖျော်ထားတဲ့ထဲ အ၀တ်တွေထည့် ပြီးရင် တက်နင်း အဲ့လိုလျှော်တာ ) ၊ စာဖတ် ..ညနေရောက်ရင် ရေချိုး၊ထမင်းစောစော စား ပြီးရင် ဘလော့တွေ လိုက်ဖတ် တစ်ခါဖတ်ပြီးဆို တွေ့ သမျှ
ဘလော့တွေ လိုက်ဖတ်တာဆိုတော့ အချိန် ကဘယ်လိုကုန် သွားမှန်းကို မသိတော့ဘူး ညနေ ၅ နာရီထဲ က စဖတ်တာ ည ၉ နာရီ ကျော်နေပြီး မပြီးသေးဘူး၊ ဒီကြားထဲ တီဗွီကလဲ ကြည့်ချင်သေးတယ် တနင်္ဂနွေနေ့  ညဆိုတော့ အစီအစဉ်တွေ ကကောင်းတယ်လေဗျာ…. ၂ နားရီလောက် တီဗွီကြည့်ပြီး အိပ်ငိုက်သလိုဖြစ်လာတော့ တီဗွီ ပိတ် .အိပ်ယာခင်း ၊ဘုရားရှစ်ခိုး ( ပေါက်ဆိန်သုံးချက်ပေါက်)ပြီးတော့ အိပ်မလို့ လုပ်တုန်း…ဟဲဟဲ ကျနော့ ဖုန်းက ၀င်လာပါကော …စကားတွေပြောနေရင်းနဲ့ အိပ်ငိုက်တဲ့ စိတ်တွေ ပျောက်သွားတာပေါ့ တကယ်တော့ အကြွေးတောင်းတဲ့ဖုန်းပါ နာရီကိုကြည့်လိုက်တော့ ၁ နာရီ ထိုးနေပြီး….ဟားးးးးမနက်ကျ အလုပ်လုပ်ရအုံးမယ် လကုန်ရင် ဆပ်ပါ့မယ်လို့မြန်မြန် စကားကြောဖြတ်
နောက်ထပ်လေကြောရှည်တာက ၁၅မိနစ် …အချိန်တွေ ကအခုမှ ကုန်မြန်လိုက်တာဗျာ…နာရီနှိုးစက်ပေး
ပြီး အိပ်တော့တာပေါ့………..။

ဒီိလောက်တစ်နေ့ လုံး အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ထားတဲ့ကျနော့ မျက်လုံး ဘယ်ခံနိုင်တော့
မှာလဲဗျာ..နှိုးစက်နာရီိမြည်းနေ တာ အိပ်မက်ထဲ မှာအောက်မေ့နေတယ် …အိပ်လို့ ကလဲ ကောင်းမှကောင်း
ကဲ ….စပါပြီဗျာ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ပြီး ..အိမ်မှာအလုပ်လုပ်တဲ့ အစ်မကြီးတစ်ယောက်က
‘’ဟေ့ …မောင်လေး ..နင်အိပ်ယာမထသေးဘူး လားဘယ် အချိန် ရှိနေပြီးလဲ’’
ဆိုမှ…ဟားးးးးးးးးး နာရီကို ကြည့်လိုက်တော့ ၉.၃၀ ရှိပြီး …အလုပ်ချိန် က မနက် ၈နာရီ..အဲ့ဒါမှ ဒွတ်ခ
ကမန်းကတန်း အိပ်ယာသိမ်း ၊မြန်မြန်လေး ရေချိုးခန်းပြေ အ၀င်း….အောက်မြလေး သေပါပြီဗျာ ရေချိုးခန်း တံခါးနဲ့ကျနော့နဖူးတိုက်တာ ကွဲပြီးလားမသိ -အားရိုးရိုး နာလိုက်တာ ….နဖူးပြန်စမ်းကြည့်တော့တော်သေးတာပေါ့ ဘာမှမဖြစ်လို့ ရုံးကလဲ သွားရ အုံးမှာဆိုတော့ နာနေလို့ မပြီးသေးဘူး မြန်မြန် လုပ်ရအုံးမယ် သွားတိုက် ပြီး ရေချို မလို့ရေ ပိုက် ကို အားရပါရ ဖွင်ချ လိုက်တော့ ..အားးးးးးးးး ပူလိုက်တာ ရေပူတွေ ဘယ်သူဖွင့်ထားလဲ မသိ…ဘယ်**** ဖွင့်ထားတာလဲကွ ( စိတ်ထဲက) တကယ်တော့ ဘယ်သူ့ ကိုမှလဲ မမေးရဲ ဘူး...ဒီအိမ်မှာ က ကိုယ့်ထက်ငယ်တာလဲ တစ်ယောက်မှ မရှိ ကျနော် ရဲ့ နဂို မဖြူတဲ့အသား (ကုလားရေနွေးပူလောင်သလို) နီနီ မဲမဲ လေးဖြစ်သွားတာပေါ့....ကဲ ကန်ထဲကရေ ပဲ မြန်မြန်လေးချိုးလိုက်တယ် ..ပြီး အ၀တ်အစားလဲ အနံ့ အသက်လေးပျောက်အောင် ဈေးပေါပေါ Skin lotion : Roll On လေးသုံးလိုက်တယ် …နာရီကို ကြည့်လိုက်တော့ ၉-၄၅ ရှိပြီး ပြသနာပဲ တစ်ခါမှ လဲဒီလောက်နောက်မကျဖူးဘူး…ဘယ်လိုလုပ်ရမလဲ ဘွားတော်ကြီး ဆူတော့မှာပဲ နားပူအုံးမယ်…ကဲ ထွက်စမ်း အကြံညဏ်တွေ ထွက်စမ်း..ပါစပ်ကလဲ ဂါထာရွတ်သလိုလို လက်ကလဲ အံဆွဲ ထဲမှာ ဘာများရှိ မလဲ လိုက်ရှာ…တွေ့ ပါပြီဗျာ
ခေါင်းကပ် ပလာစတာလေး တစ်ခု..ဟုတ်ပြီး ဘာမှလဲ မဖြစ်ပဲ နားထင်မှာကပ် ပြီး အဆင်ပြေ မပြေ မှန်ထဲ မှာကြည့်  ..အိပ်ရေး အရမ်းဝနေတဲ့ ကျနော့ မျက်နှာ က ခေါင်းကိုက်တဲ့ ပုံစံ မှ မပေါက်တာပဲ….ဘာဆက်
လုပ်ရမှန်းလဲ မသိတော့ဘူး………….။

ဟားးးး……..ဟုတ်ပြီးကွ * ဖြန်း ဖြန်း ဖြန်း * ကိုယ့် ပါး ကို ယ်ကို ၄ -၅ ချက်လောက် တီးထည့်လိုက်တယ် ..အီအီး နာလိုက်တာ ပြီးတော့မှန် ပြန်ကြည့်  မျက်နှာက အရမ်းနီ သွားပြီး…အိုကေ ဒီလောက်ဆိုရင် အဆင်ပြေပြီ
ပိုးသေသေ ၊ တကယ့်လူမမာ ပုံစံနဲ့ရုံးခန်းထဲ ၀င်သွားတော့ နောက်ကျလို့ဆူမယ်အားခဲ ထားတဲ့ ဘွားတော်ကြီးနဲ့ တိုးပါလေရော …တင်းနေတဲ့မျက်နှာကြိး နည်းနည်း လျှော့ကျ သွားတယ် ကျနော့ကို သနားတာတော့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး ပလာစတာ ကျေးဇူးကြောင့် ပဲ ဖြစ်မယ်…ကဲ စတင်ဗျူး ပါပြီခင်ဗျာ ……..။

ဘော့စ်….
“ဘာဖြစ်လို့ နောက်ကျတာလဲ’’
‘’ညကဘယ်တွေသွားလဲ’’
‘’တီဗွီကြည့် နောက်ကျတယ်လားး’’
(အားပါပါ များလိုက်တဲ့မေးခွန်းတွေ)

ကျနော်…..
‘’ခေါင်းတွေ အရမ်းကိုက်ပြီး ညက အိပ်လို့ မပျော်လို့’’
‘’ဘယ်မှ မသွားပါဘူး’’
‘’ညကလဲ အစောကြီး အိပ်တာပဲ’’ ( ညာနေတာ )

ဘော့စ်……
“အခုဘယ်လိုနေသေးလဲ ၊ ဆေးခန်းသွားမလားး’’
‘’အခန်းပြန်နာချင်နား၊ မနားချင်ရင်လဲ ရှိတဲ့ အလုပ်တွေ ပဲ ဖြည်း၂ လုပ်နေ’’

ကျနော်…..
“ရတယ်ရတယ် ဆေးသောက်ထားပြီးပြီး ‘’
‘’ရှိတဲ့ အလုပ်ပဲ ဖြည်း၂ လုပ်နေတော့မယ်’’
‘’ကျေးဇူးတင်ပါတယ်……’’.
( အလိမ်ပေါ်မှာဆိုးလို့ )

ဟာဟားးးးးးးးးးးး အောင်ပြီကွ ငါ့အကြံ ကျေးဇူးပဲ ပလာစတာလေး ရေ့  မင်းကယ်ပေလို့ ပဲ နို့မဟုတ် ငါတော့ နားကွဲအောင် အဆူခံ ထိတော့မှာကွ…ဆူပြီဆိုရင်တော့ တစ်နေ့လုံးမပြီးတော့ဘူ ပရိတ်ရွတ်သလိုပဲ ကံကောင်းလို့ပေါ့ဗျာ နောက်ဆိုရင် အချိန်ကိုလေးစားမှ ပဲ--အဲ့ဒီညက ဘီယာမသောက်လို့ ပဲသောက်များသောက်မိရင်တော့ ပွဲသိမ်းပြီ….. ။

ကျနော်နဲ့ အလွဲဆိုတာ လျှာနဲ့ သွားလို အမြဲ ဒွန် တွဲးနေတာဆိုတော့ ကိုယ့်အတွက် သိပ်တော့ မဆန်းတော့ပါဘူး ဒါပေမယ့် တစ်ချို့သောအလွဲတွေက အလွဲကောင်းပေမယ့် တစ်ချို့အလွဲတွေက ရင်တုန်စရာ အလွဲတွေပါ ။ ပြီးတော့ တစ်ခုခု လုပ်ခါနီးကျ ကိုယ့်ကိုယ်ကို ယုံကြည်မှုက နည်းသွားသလိုဖြစ်လို့ မနည်းစိတ်ပြန်တင်းရတယ် ။ အလွဲဆိုတာ လွဲတိုင်းကောင်းတဲ့ အရာတော့မဟုတ်ပါဘူး ဒါပေမယ့် အလွဲတွေကပဲ ကိုယ်အသက်ကြီင်္းလာတဲ့ အခါကျ စဉ်းစားကြည့်ရင် ရယ်စရာဟာသတွေကို ဖြစ်လို့ပေါ့ ။ သူငယ်ချင်းတွေအားလုံး အလွဲများနှင့်ကင်းနိုင်ကြပါစေလို့ ဆိုတောင်းလျှက် ။


P-S> စာလုံးတွေ ညှိလို့မရဘူး ဒီလိုပဲဖတ်ပေးပါအုံး ကျေးဇူး ။

Tuesday, August 17, 2010

မင်းပေါ့



ကြီးကျယ်ခမ်းနားတဲ့ ငါ့နှလုံးသားပြတိုက်က
အချစ်လည်ဆွဲလေးတစ်ခုဟာ
မင်းပေါ့
လင်းလက်တောက်ပနေတဲ့ ကြယ်ကလေးတွေရဲ့အလယ်က
ဝိုင်းစက်နေတဲ့ လမင်းငယ်ဟာ
မင်းပေါ့
သဇင်တစ်ခက် လှသထက် လှနေတာ
မင်းအတွက်ပေါ့
မိုးယံအမြင့်မှာ လူးကာလွန့် ကာနဲ့ 
ဆော့ကစားနေတဲ့ စွန်ကလေးတစ်စင်းဟာ
မင်းရဲ့ ကိုယ်ပွားလေးပေါ့
ကြည်ဖြူနွေးထွေး ကိုယ်ရင်အေးစေဖို့ 
အချစ်ပန်းလေး တစ်ပွင့်လောက် ပေးပါလား
အစဉ်သာမနှေးအကြင်နာတွေ ပေးချင်ပေမယ့်
ရင်မှာလေးနေတာကတော့
ဟော့ဒီက ရူးကြောင်ကြောင် ကိုယ်ပေါ့ ချစ်သူရယ်

Monday, August 16, 2010

အရင်းအနှီး

လောကကြီးမှာ အလကားရတာ ဘာများရှိပါသလဲလို့ တွေးမိတယ် တစ်ခုခုလိုချင်ရင် တစ်ခုခုတော့ ပေးဆပ်ရစမြဲပေါ့ ။ အဲ့ဒီနေ့က ဘာရယ်မဟုတ်ပါဘူး အမှတ်တမဲ့ပါပဲ ရွာကို အလည်သွားဖြစ်တယ် ပြန်ကာနီးတော့ အမေက နင့်အစ်မအတွက် မျှစ် တွေဝယ်သွားအုံးမလားတဲ့ မျှစ်လာရောင်းတဲ့ ကောင်လေးတွေ့တာနဲ့ အမေက မေးပါတယ် ။ အငယ်လေးတုန်းက ကစားဖော်ကစားဖက် ကိုမောင်စိုးရဲ့ သားလေး နာမည်ကတော့ အလန်းစား နေထက်လင်း ဆိုပဲ ကျောင်းမနေရပါဘူး အမေ မျှစ်ချိုးသွားရင် လိုက်သွား ပြန်လာရင် ရေထမ်း မနက်စောစော သူ့အမေကို မြို့ကဈေးကို အဖော်လိုက်သွားပေး ၆ နှစ်ကျော်ကျော် ဒီခလေးလေးက အရွယ်နဲ့ မလိုက်တဲ့ ၀န်တွေနဲ့ ။ အခု အဲ့ကောင်လေးက သူ့မုန့်ဖိုးရအောင် ကြားပေါက်လာရောင်းတာ ။ မျှစ် တစ်ပိသာ ဘယ်လောက်တုန်း ဆိုတော့ ၂၀၀ တဲ့ စချင်တဲ့စိတ်က ပေါလာတယ်။

“မင်း ဟာကလည်း ဒီမျှစ်တွေ ဖိုးသာညို တောင်ကုန်းက သွားတိုးလာတာ မှတ်လား အဲ့မှာ အများကြီးကို ၂၀၀ များတာပေါ့ကွ ငါ အခုသွားချိုးရင်တောင် အဲ့လောက်က အသာလေး ”

“ ဟားး...ဦးကလည်း ပြောတော့ဖြင့်လွယ်လိုက်တာ မျှစ်တိုးရတာ လွယ်တာမှတ်လို့ ခု အဲ့နေရာမှာ ကျွတ်တွေကပေါ ပြီးတော့ ရွှံ့တွေနဲ့ ချော်နေတာ အခုတောင် သား ချော်လဲလာတာ ဒီမှာကြည့် ” ဟုတ်သား သူ့ဒူးမှာ ပွန်းရာလေးနဲ့ ။
“မင်းဟာ က ဖြူစပ်ဖြူရော်ကြီး ဖြစ်နေတယ်ကော ”

“ဟဲဟဲ သား နနွန်းမှုန့်ဝယ်ဖို့ ပိုက်ဆံမရှိလို့ဗျ ပြီးတော့ အမေ မသိတုန်း မြန်မြန်ခိုးပြုတ်ထားတာ ”

ဘာရယ်မဟုတ်ပါဘူး ထပ်စချင်ပေမယ့် စိတ်ထဲတစ်မျိုးမကောင်းဖြစ်လာတာနဲ့ အပိုမုန့်ဖိုးက ၁၀၀ ပေးလိုက်တယ် “ မင်းသွားကစားမှာလား ”ဆိုတော့ မဟုတ်ဘူးတဲ့ ။ “ အဖွားအတွက် ဆေးလိပ်က ၅၀ ဖိုး ၊ သား ညီမလေးအတွက် င်္ဆီးထုတ်က ၂ ထုတ်၊ ကျန်တာ သားစာအုပ်ဝယ်ဖို့ သိမ်းထားမလို့ ” အော်...ဖြစ်ရလေ ကျောင်းနေချင်တဲ့စိတ်လေးက မပျောက်သေး မိဘက အဆင်မပြေတော့ ကျောင်းထားဖို့ အဆင်မပြေပေမယ့် သူကျောင်းတက်ချင်လို့ ပူဆာတိုင်း သူ့အမေက နောက်နှစ်ထားပေးမယ်လို့ အလွယ်ပြောလိုက်တာကို သူ့မှာတော့ မျှော်လင့်ချက်လေးတွေနဲ့ ။

နောက်တစ်ပါတ်လောက်နေတော့ အဘကြိုက်တဲ့ ၀က်စွတ်ပြုတ် ချက်တာနဲ့ လာပို့တုန် “ အငယ်ကောင် ဟိုတစ်ပါတ်က နင် မျှစ်ဝယ်ရင်း စ နေတဲ့ မောင်စိုး သား ဟိုကောင်လေး မျှစ်တိုးသွားရင်း ချော်လဲတာ လက်ထဲက ဓားကို ပြန်နင်းမိသလိုဖြစ်သွားတာ အခု ဒဏ်ရာကြီးနဲ့ ” တဲ့ စိတ်ထဲ တော်တော်မကောင်းဖြစ်သွားတယ် အိမ်ချင်းကလည်း သိပ်မဝေးတာမို့ မြန်မြန်လေးသွားကြည့်လိုက်တယ် ။ ခေါင်းရင်းမှာက ဆေးဖိုးမရှိလို့ စိတ်ညစ်ညစ်နဲ့ အရက်ထိုင်သောက်နေတဲ့ သူ့အဖေ ၊ ထမင်းအိုးတည်ရင်း ခလေးနို့တိုက်ရင်း ယောက်ျားကို ပတွတ်နေတဲ့ သူ့အမေ ဒဏ်ရာရတဲ့ ခလေးဘေးနားမှာက မတိမ်းမယိမ်း ခလေး ၂ ယောက် ဆော့နေတယ် ။

ခလေးစိတ်ပြေလက်ပျောက်ဖြစ်အောင် အရွှတ်အနောက်နဲ့ “ ဟကောင် နေထက်လင်း မင်း ဓားထိလို့ဆိုကွ မင်းက မင်းသားဆိုတော့ ဟန်ဆောင်တာနေမှာပါကွာ ပြအုံး ဦး ကြည့်မလို့ ” တမင် ခလေးစိတ်ပြောင်းအောင်ပြောလိုက်ပေမယ့် ဖနောက်က သားရည်ဖတ်ကြီးလန်ပြီး ပြည်တွေက စို့နေတယ်း( သူ ကျနော့်ကိုကြည့်နေတဲ့ မျက်လုံးက တစ်ခုခုကိုများ တောင်းဆိုနေတာလား မဟုတ်ပါဘူး သူ့ဝမ်းနည်းချက်ကိုများ ဖော်ပြနေတာလား ဝေဒနာကို ခံစားရလို့ပဲ နာကျင်နေတဲ့ မျက်လုံးတွေလား အဲ့အဓိပ်ပါယ်ကို ကျနော်မသိပါဘူး ။ သူ့အဖေနဲ့က ပြောမနာဆိုမနာ ဖြစ်နေတော့ “ အစ်ကို ခလေးကို ဆေးခန်းမပို့ဘူးလား ” ၊ “ ဘယ်က ပိုက်ဆံက ရှိလို့ ဘယ်ဆေးခန်းသွားရမှာတုန်း ငါ့ညီ ရာ” တဲ့ စိတ်မကောင်းတဲ့ အာလေး လျှာလေးသံကြီးနဲ့ ။ဧည့်သည်ရောက်သွားလို့ စကားများတာရပ်ထားရတဲ့ သူ့မိန်းမ အောင့်မနိုင်တော့ဘူးထင်ပါ့ “ ဘယ်ရှိမတုန်း သူများ နေ့စားလုပ်ဖို့လာခေါ်တာကြတော့မလိုက်သွားဘူး ဒီအရည်ပဲမြိုနေတယ်လေ င်္ဒီမသာကတော့ ပြောမနေချင်တော့ပါဘူး ”

ဟူး ကြားရတာ စိတ်မချမ်းမြေ့စရာတွေကြီးပဲ ခလေးနားတိုးပြီး အားပေးစကားပြောမိတယ် “ငါ့တူ အနာပျောက်ချင်ရင် ဆေးခန်းသွားရမှာပေါ့ကွ ဘာမှမပူနဲ့ ဦးဆေးခန်းပို့ပေးမယ် မင်း အနာတော့ ခံနိုင်တယ်မှတ်လား ” ။ ယုံသလိုလို မယုံသလိုလိုနဲ့ လေသံလေးနဲ့ “ဟုတ်ကဲ့ ” တဲ့ ။သူ့အဖေကို ပေးရင်လည်း အရက်သောက်လိုက်မှာကြောက်လို့ စိတ်မချရ သူ့အမေကို ပေးရင်လည်း ဈေးသုံးထဲ ပါသွားမှာကြောက်လို့ စိတ်မချရ အခုလောလောဆယ် ခလေးအနာပျောက်ဖို့က အရေးကြီးတယ် ။ “ အစ်ကို ကျနော်စက်ဘီးလည်း ပါခဲ့တယ် ခလေးကို အိမ်ခေါ်သွားပြီး ဆေးခန်းလေး ဘာလေးပို့ပေးမလို့ အဲ့တာ ခေါ်သွားရမလား နေကောင်းရင် ကျနော်လာပြန်ပို့ပေးမယ် ” ကြည်ကြည်သာသာပဲ ခွင့်ပေးလိုက်တာနဲ့ ခလေးကို ကုန်းပိုးရင်း ကျနော်ခေါ်ခဲ့တယ် ။

မြို့ကအိမ် ပြန်ကာနီး စက်ဘီးပေါ်ကနေအမေ့ကို နှုတ်ဆက်တော့ အမေက ပီတိ မျက်ဝန်းတွေနဲ့ “ အင်း ဒီလူပျိုကြီး ပေါက်စတော့ ဒါတွေနဲ့ပဲ အချိန်တွေကုန်မှာပဲ ” တဲ့ ။ ဒီခလေးက သူ့ရဲ့ မိသားစုအတွက် အရင်းနှီးတစ်ခု လုပ်အားခနဲ့ ပေးဆပ်ရင်း ဒဏ်ရာ အနာတရတွေ ပြန်ရခဲ့တယ် ကျနော်ကကော ခလေးတစ်ယောက်ရဲ့ လုပ်အားကို ပြက်ရယ်ပြုမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်ရှက်မိပါရဲ့ အခုကျနော်ရင်းနှီးမယ့် အရင်းနှီးတစ်ခုကိုတော့ ပြန်ရချင်မိတဲ့စိတ်မရှိတဲ့ စေတနာ အရင်းနှီးသက်သက်ဆိုတာ ကျနော်ကလွဲပြီး ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး ။

“ ဟကောင် ငါ့ခါးကို ဖက်ထားနော် ပြုတ်ကျမယ် ”
“အင်းပါဗျ ဒီတစ်ခါပြုတ်ကျရင် သား ခြေတောက်တော့ဖြတ်ရပြီး ”

.........................။

Sunday, August 15, 2010

ဖျော်ရည်

ချိုတယ် သကြား
ငန်တယ် ဆား
ချဉ်ပြုံးပြုံးနဲ့ စပျစ်
ခါးသက်သက်နဲ့ ကြက်ဟင်းခါး
ဘ၀ကို အရွဲ့တိုက်
ဒက်လဗိုင်ရောပြီး ဖျော်ပစ်လိုက်တယ်
အစပ်ဟပ်မတည့်လေတော့
ပထ၀ီ ၊တေဇော ၊ အာဘော ၊၀ါရော
ဓာတ်ကြီးလေးပါးစလုံး အဆိပ်မိသွားလိုက်ပုံများ
အခုတော့ ကိုယ့်မှာ မရှူနိုင် မကယ်နိုင်
အမေ ရေ သားတော့ ဆေးစားမှားပြီးထင်ပါ့ ...။




Friday, August 13, 2010

အဆင်မပြေလိုက်ပုံများကတော့

အဆင်မပြေလိုက်ပုံများကတော့ မြ၀တီ မဲဆောက် တံတား ပိတ်လိုက်တည်းက ကိုယ့်အနာဂတ်က ရေပေါ်ကို လမ်းလျှောက်ရသလိုပါပဲ ။ လခက မရေမရာ ဘော့စ်ကလည်း အလုပ်သစ်ရှာရင် ရှာကြတော့တဲ့ ပြုံးစိစိနဲ့ တကယ်ပြောတာလားမသိတော့ မချိသွားဖြဲနဲ့ “ဟဲဟဲ ” လုပ်လိုက်ရတယ်။ အလုပ်က ၄ ရက်ဆက်ပိတ်တော့ အိမ်ပြန်ကြတဲ့သူတွေများတယ် သူတို့က နီးနီးနားနားဆိုတော့လည်းကောင်းတာပေါ့လေ ကိုယ့်မှာသာ တစ်ယောက်တည်းဘယ်သွားရမှန်းလည်းမသိ။ စိတ်ညစ်ညစ်နဲ့ ညက စိမ်ထားတဲ့ အ၀တ်တွေ လျှော်ဖို့ လုပ်တော့ အရမ်းကြိုက်တဲ့ အင်္ကျီအဖြူလေးက အနီရောင်ကိုဖြစ်လို့ ဟမ်း ဆေးရောင်ကျမယ့် အ၀တ်သစ်ကလည်းတစ်ထည်မှမရှိပါဘူးလို့ ဘယ်ဟုတ်မလဲ အကြမ်းပုဆိုးက ဆေးရောင်တွေ ခုထိကျတုန်း အော် ပြည်တွင်းဖြစ် ပြည်တွင်းဖြစ် ...................။

တစ်နေ့ညက ယောကျာ်းဆိုတာ မလုပ်ဖူးတာမရှိရဘူးတဲ့ အဲ့စကားကြားဖူးတာပဲ အဲ့ ပေါက်ကရတွေ လိုက်လုပ်တာမဟုတ်ဘူးနော် ထိုင်းသူငယ်ချင်းတွေနဲ့ မြို့ပြင်မှာရှိတဲ့ ညကလပ်ကိုရောက်သွားတယ် ။ အာပါးပါးအလန်းတွေ လန်းလွန်းလို့ မျက်လုံးတွေပြာကုန်တယ် ဘီယာလောက်ပဲ သောက်တတ်တဲ့ကိုယ် အရက်ပြင်းကြီးတွေမော့ရတာလည်ချောင်းတွေပါနာတယ် ။ သီချင်းကလည်း မြူးတော့မြူးတယ် ဒါပေမယ့် တစ်လုံးမှနားမလည်တဲ့သီချင်းတွေ သူငယ်ချင်းတွေကတော့ မူးမူးနဲ့ ကလိုက်ကြတာ ကိုယ်တစ်ယောက်တည်း ငေါင်တောင်တောင် ။ ညာဘက်ဝိုင်းက ပန်းရောင် ဂါဝန်တိုလေးဝတ်ထားတဲ့ တစ်ယောက်က ကိုယ့်ကို စွေကြည့် စွေကြည့်နဲ့ မိုက်တော့မိုက်တယ်ဗျး) ကြိုးပျောက်နဲ့ တာ့တာ့ လှမ်းပြတယ် ဘာရယ်မဟုတ်ဘူး တာ့တာ့ပြန်ပြလိုက်တယ် ခဏနေတော့ ဖုန်းထိုးပေတယ် “ အလိုင်နား ” ဆိုတော့ ဖုန်းနံပါတ်တဲ့ ချောက်တွန်းတာ သူငယ်ချင်းဖုန်းနံပါတ်ကြီး နှိပ်ထည့်ပေးလိုက်တယ် ။

နောက်နေ့ ရုံးရောက်တာနဲ့ သူငယ်ချင်းက ဆဲလိုက်လေခြင်း ဘာဖြစ်လို့လဲဆိုတော့ ပန်းရောင် ဂါဝန်တိုလေး က အခြောက်ကြီးတဲ့ သိမှမသိတာ မသိဘူးလို့ ငါကမင်းအကြိုက်ပုံလေးဆိုတော့ မင်းဖုန်းနံပါတ်ပေးလိုက်တာ ပြောလိုက်တယ် ။ အဲ့ကိုသွားတာ သတင်းကြားသွားတဲ့ ဘော့စ်က အကျင့်တွေ ပျက်နေင်္ပြီး ချောင်ချောင် သတိထားတဲ့ “ခပ် ” လို့နာခံလိုက်တယ်း) ။
ပိတ်ရက်မှာ အိပ်လိုက် စားလိုက် လုပ်ရတာများတော့ အားနည်းနေလို့ ဈေးကြီးပေးရတဲ့ ငှက်သိုက်ဗူး ဖောက်သောက်တာ တောသားဆိုတော့ မဖွင့်တတ်ဘူးရယ် ဓားတွေနဲ့ ကလော် ကပ်ကြေးတွေနဲ့ ကလော် ဘယ်လိုမှမပွင့် ညာလက်ခလယ် လက်ထိပ် ဓားထိသွားကော ဓားထိသွားမှပဲ လှည့်ဖွင့်ကြည့်တာ လွယ်၂ပွင့်သွားတယ် အော် ဖြစ်ရလေ စောနက အသားကုန် ကလော်ထုတ်နေတော့ မပွင့်ဘူး အခုကျတော့ ပွင့်တယ် ခု နာနာနဲ့ လက်ညှိုးနဲ့ လက်မပဲ သုံးပြီး ပို့စ်အသစ်မတင်ရတာကြာတော့
လာတင်တာ ဘလော့ဂါလုပ်ရတာမလွယ်တာ ဘာတဲ့ ဟိုအစ်ကိုကြီးပြောတဲ့ ရင်လှိုက်ပိုးလား ရင်ကိုက်ပိုးလား အဲ့ပိုးက မသေတော့လည်း ကိုယ့် ဒွတ်ခ ကိုယ်ရှာပေါ့ ။

ပျင်းလို့ ကိုရီးယား ကားတွေကြည့်မလို့ လုပ်တာ ကွန်နက်ရှင်ကနှေးနေတယ် ကြည့်မရ ။ ဒါနဲ့ပဲ ချစ်သူဆီကိုပို့ဖို့ ကဗျာတွေ အင်တာနင်က ခိုးကူးမလို့ လိုက်ကြည့်နေတုန်း စိတ်ကြိုက်တွေ့တဲ့ ကိုလင်းဒီပ ဆီက ကဗျာလေး ကူးမလို့ လုပ်တုန်း ဘောပင်အသစ်ကြီးက မှင်မထွက်ဘူး ***** တက်နင်းချပစ်လိုက်တယ် အဲ့လောက်တောင် လွဲချင်အုံးး မိုးအေးအေးနဲ့ တက်အိပ်တာပဲကောင်းတယ် ။



Wednesday, August 11, 2010

ကြန်းမာရေးဝံဂျီး

ဟလို.... ဟိုလာ တက်စ်စီ 1-2-၃ ကြားလား ကြောင်လား
ကြားချင်ကြား မကြားချင်နေ မြင်အောင်ကြည့် တွေ့အောင်ရှာ။
ရိုသေ ငါးစားရပါသော ဘာမသိ ညာမသိ အ၀ှာငြိတဲ့ သဘာငတိခင်ဗျား ကျနော်ကတော့ လူတကာကို ကလိတဲ့ ရဲလေးအာဇာရော်နယ်ဗေဗေမောင်ကြောင်မျိုး ဖြစ်ပါတယ်။

ယ မှာ အမှိုက်ကောက်တဲ့ အလုပ်က အောက်ဆိုဒ်မရှိတော့ အဆင်ပြေလို ပြေငြား အချိန်တိုအတွင်း ထိုးဖောက်ပေါ နိုင်လွန်းသော ငပေါများဂေဟာမှာ ညစောင့်အလုပ်လေးများ ရမလားလို့ ဆင်စားနေတုန်း မိုက်ဖော် မိုက်ဖက် ရွာတောင်ပိုင်းမှာ ကြက်ခိုးစားတုန်းက သူငယ်ဂျိုးကြီး ၁လိန်၂လိန် လိန်ချင်တာ လိန်က ကျန်းမာရေးဝံကြီးနေရာ လွတ်နေတယ်ဆိုတော့ အပြေးအလွှား လုံချည်မပါပဲ ရောက်လာခြင်းဖြစ်ပါတယ်။ ကျနော် ဆြာဝန်လုပ်ဖူးတယ်ခင်ဗျ။ လုပ်ရည်ကိုင်ရည်လည်းရှိပါတယ် လုပ်သက်ကတော့ မနေ့က ၁ ရက်ပြည့်တယ်။ ဦးသာဂိကြီး ပုရွတ်ဆိတ်ကိုက်တုန်းက အဆိပ်ပျံ့ပြီး အသက်ဆုံးရှုံးမှာ စိုးတာကြောင့် ခြေတောက်ကို ပေါက်တူးနဲ့ တစ်ခါတည်း ဖြတ်ပစ်လိုက်တာ ကျေးဇူးတင်လွန်းလို့တဲ့ဗျာ သူ့အမျိုးတွေ ဓားမတွေ နဲ့ အိမ်ထဲကို လက်ဆောင်လာပစ်ပေးတာ။ အိမ်ကကြောင်မကြီး သားကျတော့လည်း ၄ ကောင်ပဲမွေးလို့ ဗိုက်ကို အတင်းညှစ်ချပစ်လိုက်တာ နောက်ထပ်တစ်ကောင် "ပလွတ်" ထွက်လာတာ ပြီးတာနဲ့ ကြောင်မကြီးလဲ ကြောင်ရွာစံသွားတယ်။ အင်းး သေခြင်းတရားက ဘယ်သူရှောင်လို့ရမှာတဲ့လဲ နှစ်ရာနဲ့ဖြေပေါ့။ ဒါတွေက သိအောင်ပြောပြတာပါ ကြွားတယ်လို့တော့မထင်လိုက်ပါနဲ့ လူကြားထဲရောက် ပန်း (လေ) တက်တဲ့ အကျင့်ပါနေလို့ပါ သဘာငတိခင်ဗျာ။

ကျနော်ဖော်ထားတဲ့ဆေးတွေနဲ့ ကုသနည်း တွေလည်းရှိပါသေးတယ်။

1 .၀မ်းကိုက် ၀မ်းလျှော ရောဂါ ဖြစ်လျှင် ကုတ်ကိုသီးနဲ့ ချဉ်ပေါင်ကြော်စား
2. ငါးရိုးဆူးလျှင် လည်ချောင်းကို ဓားမြှောင်နဲ့ကလော်ထုတ်
3 .ခေါင်းမူးလျှင် အရက်သောက်
4 .လက်နာလျှင် ခုတ်ဖြတ်
5. မျက်စိနာလျှင် ဖောက်ထုတ်
ဒါ့အပြင် ဂိုဏ်းကြီးရှိ သဘာငတိနှင့်တစ်ကွ ဂိုဏ်သားများ အားလုံးရဲ့ ကျန်းမာရေးကို ကျနော် ဒေါက်တိုကြောင်ကြောင်မှ စွမ်းစွမ်းတမံ စောင့်ရှောက်သွားမည်ဖြစ်ကြောင် ဇီးဖျော်ရည်သောက်ပြီး သစ္စာကို အနမ်းပေးပါတယ် ။

ဒီလောက် ပညာအရေးချင်းနဲ့ဆို အလုပ်ရနိုင်မယ်လို့ထင်ပါတယ် (ပေးမှာလား မပေးဘူးလား မပေးရင်တွေ့မယ် ရွာထိပ်က ထန်းတောမှာ)။ အလုပ်ခန့်ရင် ပျက်ရက်မပါ တစ်လမှာ ခွင့် ၂၉ ရက်လိုချင်ပါတယ် အကြောင်းမှာ ဒီဝင်ငွေနဲ့ မလောက်ရင် အပြင်ဆေးခန်းထိုင်ရမှာမို့ပါ ။ ဂိုဏ်းကြီးမှ ချမှတ်သော စည်းကမ်းချက်များကို တစ်သွေမတိမ်း ဖယ်ရှောင်သွားမှာဖြစ်ပြီး ရန်ပုံငွေများ ခွဲဝေလျှင်လည်း အညီမျှ လိုချင်ပါသည် ။စည်းဝေးပွဲများကို အဝေးရောက် တက်ရောက်မည်ဖြစ်ပြီး လူနာကျလွန်းလျှင် အိပ်ချင်ယောင်ဆောင်သွားမှာ ဖြစ်ကြောင်း ။ အမျိုးသား၊ သက်ကြီးရွယ်အို နှင့် ခလေးသူငယ်များကို လက်ထောက်များနှင့် လွှဲပြီး ခပ်ငယ်ငယ်ချောချော အမျိုးသမီးများအား မည်သည့်ရောဂါမဆို ကိုယ်တိုင်ကုသပေးမည်။ ယခု လျှောက်လွှာအား ပယ်ချလျှင် အသရည်ဖျက်မှူဖြင့် တရားစွဲဆို လျော်ကြေးတောင်းသွားမည် ဖြစ်ကြောင်း ပြောကြားရင်း ချုပ်ပါတယ် နိဂုံး ။

အမည်........ အပေါ်မှာ ပြောပြထားပြီးပြီး နှစ်ခါမပြောဘူး အာညောင်းလို့
အသက်.......... ရှူး တိုးတိုး သေမင်းကြားရင် လာခေါ်နေလိမ့်မယ်
နေရပ်.............. လာချင်ရင် အနီးလေးအထပ်ထပ် မခေါ်ပါခင်ဗျား (သိသွားမှာကြောက်လို့)
ပညာအရည်အချင်း.... PHc> MBBS> တံတားဆောက်လုပ်ရေး

မှ/
ကျန်းမာရေးဝံဂျီးအဖြစ်လျှာထားခံထားရသော
ပရော်ဆော်ဖာ ဒေါက်တို -ကြောင်မျိုး

13/1/2009 တုန်းက အမှတ်တရ ရေးထားတဲ့ပို့စ်လေးပါး) ။

Tuesday, August 10, 2010

လူ့ဂွစာ



လှေငယ်တစ်စင်း လောကပင်လယ်ကြီးထဲ ရွက်လွှင့်ခဲ့
လေကြမ်းတွေလည်း တိုက်ခံရဖူးတယ် ၊
ဆည်းဆာရဲ့ အလှကိုခံစားရတဲ့
အချိန်တွေလည်း ရှိခဲ့ဖူးတယ်
လဲကျတဲ့အခိုက် ပြန်ထတဲ့ အခါတွေရှိသလို
စိတ်ဓာတ်တွေလည်း ဟိုးးး အနက်ရှိုင်းဆုံးထိ ထိုးကျခဲ့ဖူးသေးတယ်။


ပြောင်းလဲလွန်းတဲ့ အကြောင်းတစ်ရားတွေထဲက
မပြောင်းလဲတဲ့အရာတွေကတော့
အမေ၀ယ်ပေးလိုက်တဲ့
(၂၆၀၀) ကျပ် တန် ဦးဂျမ်း လုံချည်တစ်ထည် ကို
အခုချိန်ထိ စွဲစွဲမြဲမြဲ သုံးနေသေးတာရယ်
ညသန်ခေါင်းမှာ အခန်းထဲက ထထအော်တက်တဲ့ *တောက်တဲ့* တစ်ကောင်ရဲ့ အော်သံ နဲ့ 
အပေါစား နာရီတစ်လုံး ရဲ့ စက္ကန့် လက်တံ လှည့်သံ တွေသာ မပြောင်းလဲပဲရှိနေတယ် ။

ကုန်လွန်ခဲ့တဲ့ အတိတ်နေ့ရက်တွေမှာ
နှုတ်ခမ်းမွှေး ခဏခဏ ရှည်လာတာက လွဲလို့ 
ညာဘက်ပါးပေါ်မှာ ၀က်ခြံ တစ်လုံးက
နွေ၊မိုး၊ ဆောင်း ဥတုသုံးပါးစလုံးမှာ နေရာ ယူနေတာကလွဲလို့ 
(၁၂)ဘတ် တန် ပဲနို့ အချိုရည် ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တက်လာတာက လွဲလို့ 
အသီးရွက်နဲ့  ၀က်သားကို ဘယ်နှစ်ခေါက်မှန်းမသိ မရိုးနိုင်ပဲ မြိုချခဲ့ရတာက လွဲလို့ 
မတည့်မှန်းသိတဲ့ (မာမား) ခေါက်ဆွဲ ကို တစ်ပါတ် ၃ ခါ တော့မရရအောင် ခိုးစားတာကလွဲလို့ 
တစ်စုံတစ်ယောက် သော သူကို အမှတ်မထင် ချစ်ခဲ့မိတာက လွဲလို့ 
..............................................လွဲလို့ 
ဘာဆိုဘာမှမပြောင်းလဲသေးဘူး။

တစ်ခါတလေ
အလိုမကျတဲ့အကြိမ်တွေ များများလာတဲ့အခါ
ကြားလျှက်နဲ့  နားကန်းနေသလို
မြင်နေလျှက်နဲ့  မမြင်ယောင်ဆောင်နေတက်လို့ 
တစ်ချို့ ချို့ တွေက လူ့ ဂွစာ လို့ ကွန်ပွန်းတပ်ကြတယ်
ပတ်ဝန်းကျင်ကို အမြဲနားလည်နိုင်အောင်ကြိုးစားနေပေမယ့်
ကိုယ်ကိုယ်ကို ဘယ်တော့မှ နားလည်ဖို့ မကြိုးစားမိဘူး။

အခု...........................
ဟန်ဆောင်လောက ရဲ့ ချစ်ခြင်းမေတ္တာနဲ့ 
ပကာသန အသိုင်းဝိုင်းကြားမှာ
ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးကိုဆွဲ
ညာဘက်လက်က မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် တစ်လုံကိုဆောင်
လမ်းကြမ်းကြမ်းတွေကို ဆက်လျှောက်ဖို့  သည်းခံခြင်းဖိနပ်တစ်ရံကို စီးနင်းရင်း
ငါ.............ဆက်လျှောက်ရမယ်
နုမနေနဲ့  ညုမနေနဲ့  ကောင်လေး
ဘ၀ က အဆင်ပြေတာတွေ များလွန်းရင် ပျော်စရာမကောင်းတော့ဘူးး
ဟိုးး----အရှေ့မှာ မှုန်ဝါးဝါး မြင်နေရတာ ပန်းတိုင်မဟုတ်ဘူး
ချောက်ကမ်းပါ တစ်ခု ခုန်သာချလိုက်
တစ်ခါတည်း အနိစ္စသဘော နဲ့  ကိစ္စလျှောသွားအောင် :)


Sunday, August 8, 2010

ကြယ်ရူး

ကြယ်ရူး

ဘဝကိုဒေါင်လိုက်လဲ မစိုက်ပျိုးခဲ့ဘူးပါ
မနက်ဖြန် အတွက် ကိုယ့် စိတ်ကိုလဲ မသတ်ဖြတ်ခဲ့ဘူးပါ
အချစ်ဆိုတာလဲ ဖမ်းလို့ ကောင်းတဲ့ တိမ်တိုက်သာဖြစ်ခဲ့ပါတယ်။

ဘဏ်ကဒ်နဲ့ အကြွေးဝယ် ကဒ်မရှိပါ
မော်တော်ကားနဲ့ ကွန်ဒိုမရှိပါ
မိသားစုဆိုတာလဲ နတ်သမီး ပုံပြင်ဆန်တဲ့ အိပ်မက်တစ်ခုသာ။

ရမ္မက်သက်သက်အတွက် ဘယ်အခါမှ လဲ မနမ်းခဲ့ဘူးပါ
မိုးပျံ ဥယာဉ်တွေ အတွက်လဲ အပြာရောင်စာရွက်မရှိခဲ့ပါ
ဘဝ ကို ခပ်မျှင်းမျှင်း ကုန်လွန်စေချင်တာပဲ ရှိပါတယ်။

ဆုတောင်းပြည့်ရအောင်လည်းဘယ်လိုဆုမှ မတောင်းခဲ့ဘူးပါ
ရင်ဘတ်ကိုရပ် မရတာကလွဲလို့ ဘယ်လို နိုးဆွမှုမျိုးကိုမှလဲ မဖန်တီးတတ်ခဲ့ပါ
ကိုယ်သေရင် မျက်ရည်တစ်စက် တလေမှ မထားခဲ့ ချင်တာလဲ အတ္တတစ်ခုသာ။

ညစာစားပွဲ အတွက် ဝတ်စုံကောင်းကောင်း တစ်စုံ မရှိပါ
လက်ထပ်ပွဲ တစ်ခုကျင်းပဖို့ မဟာမိတ်လည်း မရှိပါ
ခဏလောက်တော့ အထီးကျန်ဘဝ က လွတ်မြောက်ချင်မိပါတယ်။

ကိုယ်တိုင် ထိုးကျွေးခဲရတဲ့ကျားကွက်တွေ ဆိုတာလဲ သမိုင်းမဟုတ်ပါ
တိုးတိုးတိတ်တိတ်ချောင်ပိတ် ငိုတတ်နေတာလဲ စိတ္တဇ ပန်ချီကား မဟုတ်ပါ
ကိုယ့်အနာဂတ်ကို ကိုယ်တိုင် လဲပြိုစေတယ် ဆိုတာလဲ သူမ ပျော်ရွှင်မှုကို မခိုးယူရက်ခြင်းသာ။

ကိုယ်တိုင် လက်နဲ့ ထွင်းတဲ့ သဂြိုင်းကဗျည်းစာကလဲ တစိတ်တော့ နူးညံ့လွန်းပါတယ်။



မိုးထက်နေ

Saturday, August 7, 2010

စာ



ရိုးသားမှုတွေနဲ့ ထင်ဟပ်နေ ၊
ချစ်စရာ ပုံရိပ်လေးတွေကို မြင်ယောင်မိတယ်
အားကိုလိုမှုတွေနဲ့  မလှပတဲ့ လက်ရေး
မှင်ရောင်တွေကစုံလင် ၊
ခြစ်ရာ ဖျက်ရာတွေနဲ့  ကြိုးကြိုးစားစား ရေးလိုက်တဲ့စာ..............................။




(၁)
ချစ်ရသော ဦးသားလေး ..........
သတိရစွာဖြင့် သား စာရေးလိုက်ပါတယ် ဦးသားလေး နေကောင်းရဲ့လား အလုပ်အကိုင်ကောအဆင်ပြေရဲ့လား ..........
အဖေ နဲ့  အမေ စကားကိုလည်း သားနားထောင်ပါတယ် စားလည်းကြိုးစားတယ် ကျောင်းပိတ်ရက်တွေမှာ ဆိုင်မှာအရင်က ဦးသားလေး အလုပ်တွေကို သား နဲ့  ကိုကြီးက ၀ိုင်းလုပ်ပါတယ်။ သားတို့  မိသားစုလည်း နေကောင်းပါတယ် သားစာကြိုးစားပြီး ပညာတက်ကြီးဖြစ်ရင် အဖေ အမေ နဲ့  ဦးသားလေး ကို ပြန်ရှာကျွေးပါ့မယ်။
ဦးသားလေး အလုပ်အဆင်ပြေပါစေလို့  သား ဆုတောင်းလိုက်ပါတယ် ။ ကျောင်းတွေ ဖွင့်တော့မယ်လေ ဦးသားလေး သားကို နာရီ ၊ ဖိနပ် အ၀တ်စားတွေ ၀ယ်ပေးလိုက်နော် မ၀ယ်ပေးလိုက်ရင်လည်း ဦးသားလေး မအားလို့  မ၀ယ်ပေးနိုင်တာ ဖြစ်မှာပါ။

သတိရစွာဖြင့်
( ******** )

( ၂)
ဦးသားလေး မီး စားရေလိုက်တယ်။
ဦးသားလေး နေကောင်းပါစေလို့  ဆုတောင်းပါတယ်။
အမေ ပြောတော့ ကျောင်းတက်ရင် ထီးအသစ်လေး နဲ့  ဂါဝန်အသစ်လေးတွေ ၀ယ်ပေးမယ်ဆိုပြီး မ၀ယ်ပေးသေးဘူး လွယ်အိတ်ကလည်း ပြဲနေပြီး ဦးသားလေး မီး ကို ၀ယ်ပေးလိုက်နော် ။
မီး ...ဒါပဲပြောမယ် ။
(********* )

အပေါ်က စာနှစ်စောင်ကတော့ တစ်နေ့ က လူကြုံနဲ့  အိမ်က တူလေး နဲ့  တူမအငယ်ဆုံးလေး ကျနော့်ဆီကို ရေးလိုက်တာပါ လက်ရေးလေးတွေက မလှမပ ၊စာလုံးပေါင်းတွေကလည်းမှား ၊ ဖျက်ရာတွေနဲ့  စာရွက်ကလည်း ပေလူးနေတာပဲး) ပြီးတော့ ထမင်းလုံးနဲ့  ကပ်ပြီး သူတို့ ရဲ့ ချစ်လှစွာသော ဦးသားလေး ကို အားကိုးတစ်ကြီးနဲ့  ပို့ လိုက်တာလေ ဖတ်ပြီး ရယ်နေရတာ အရမ်းပဲ စာလုံးပေါင်းလေးတွေ ပြင်ပြီး သူတို့ ရေးလိုက်တဲ့အတိုင်း အမှတ်တရအနေနဲ့ တင်လိုက်တာပါ ။ ဒီနှစ်မှ (၁၀) တန်းတက်မယ့် တူအကြီးဆုံးက ရည်းစားထားတက်နေပြီးတဲ့ ဦးလေး ဆီကို စာရေးဖို့ တောင်သတိမရတော့ဘူးလို့  အစ်မ ကပြောတယ် ။ တယ်တော်တဲ့ ငါ့တူပါလားဟ ဦးလေးနဲ့  များကွာပါ့ ပြန်မှ နားရင်းကို (၃) ချက်လောက် အုပ်ပစ်လိုက်အုံးမယ် ဟဲဟဲ ငါတောင်မရသေးဘူး မင်းက ထားစရာလား ( မနာလိုတာ ) ဦးလေးဆိုတဲ့ ပါဝါက နည်းတာမှတ်လို့  နိုင်လို့ ရတဲ့သူကိုပဲနိုင်ရတာလေး) ။





ပြန်စာ။ ။ ခလေး တို့ ရေ့ အခုတော့ ဦးသားလေး လည်း ငတ်ပြတ်နေလို့  နောက်တော့ ပို့ ပေးလိုက်မယ်နော့်း)

Thursday, August 5, 2010

MaeSot Overviews (4)

အပေါင်းအဖော်များ ဘလော့ဂါရဲ့ သူငယ်ချင်းတွေဖြစ်ရတာကလည်း တယ်မလွယ်ဘူးနော့် ခုတော့ဘလော့ပေါ်ရောက်ပြီ်း ။ ၂ ယောက်လောက်က ကျနော် ဘလော့ရေးနေတယ်ဆိုတာကို သိသွားကြပြီး ခဏခဏလာမေးနေတယ် “ ကျနော့်ဘ၀ ဇတ်ခုံ” ဆိုတာ ဘာလဲတဲ့ ။ သိရဲ့သားနဲ့မေးနေတာလား ဇတ်ခုံဆိုမှတော့ ဇတ်ကတဲ့နေရာပေါ့လို့း) ။တစ်နေ့က ရုံးမှာရိုက်ထားတဲ့ပုံ ဘလော့ပေါ်တင်မယ်လို့ပြောလိုက်တယ် ဒါဆို ကျနော့်တို့ပုံတွေ အင်တာနက်ပေါ်ရောက်ပြီင်္ပေါ့နော့်တဲ့ ရုံးက အငယ်ဆုံးကောင်လေးကပြောတယ် ပျော်နေလိုက်တာ ဟဟား ။ ကျနော်တို့တွေ အခြေနေအကြောင်းကြောင့်ပဲ ချစ်သော မွေးရပ်မြေကို စွန့်ခွာခဲ့ကြရင် ရပ်တည်ချက်တွေ ကွဲပြားကြပေမယ့် အခက်ခဲတွေ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပေမယ့် အရေးကြီးတော့ သွေးနီး အလုပ်မှာ တစ်ယောက်ကို တစ်ယောက်ကဖေးမ ( တစ်ခါခါတော့လည်း တွန်းချ ) တတ်ကြပါတယ် ။ ဒီပို့စ်က အမှန်တိုင်းပြောရရင်တော့ အတင်းပို့စ်ပေါ့း)


၁။
အရှေ့ဆုံးက အသားဖြူဖြူနဲ့ ကိုတရုတ် (ရွဲ့တာနော် ပြောင်းပြန်လှန်ဖတ်) က ထိုင်းနိုင်ငံကို ရောက်တာဖြင့် ၁၅ နှစ်ကျော်ပြီင်္း ရိုးလိုက် အ လိုက်တာကလည်းလွန်ပါရော စကားများများပြောရမယ့် အလုပ် သူများတွေကြား ၀င်ပါရမယ့် အလုပ်ဆိုရင် အင်မတန် သွေဖွယ်သွားတတ်ပါတယ် ။ အဲ့တာက သူ့အကျင့်လိုဖြစ်နေပြီး ပြောလို့လည်းမရ မပြောတာလည်းကောင်းပါတယ် သူက ရှေ့သွား ၂ချောင်းတောင်ကျိုးနေတော့ ထိုင်းစကားက လေထွက်ရတဲ့အထဲ သူ ပြောတဲ့ စကားကို နားမလည်တဲ့သူကများတယ် ။ ရုံးမှာ အခင်ဆုံးသူကိုပြပါဆိုရင်တော့ သူ့ကိုပဲပြဖြစ်မှာပါ ခင်တာထပ် သနားတာလည်းပါတယ် ရိုး အ ပြီး အဆင်မပြေလို့ပါ ရတဲ့လခက နည်းနည်း ခလေးကျောင်းစရိတ် အိမ်လခ ရေဖိုး မီးဖိုး ပေးပြီးရင် သူ့အိတ်ကပ်ထဲမှာ ၁၀၀ ထပ်ပိုမရှိတော့ဘူး ။သူ့သားလေးကတော့ ချစ်စရာ ကျီးကန်း ဘဲဥချီထားသလားအောက်မေ့ရလောက်အောင် ဖြူဖြူဖွေးဖွေးလေး ။

၂။
အရှေ့က ရွှေမျက်မှန်ကတော့ ဥပဒေနဲ့ ဘွဲ့ရထားတဲ့တစ်ယောက် ဒါပေမယ့် ခလေးဆိုးကြီး စိတ်ပျက်ဖို့ကောင်းလောက်အောင်ကို ခလေးဆိုးကြီး ဘော့စ်တောင် လက်မြှောက်ထားရတဲ့ တစ်ယောက်ပါ ပြောချင်တာပြော ငါနားလည်တာမှမဟုတ်တာ ငါလည်း လုပ်ချင်တာလုပ်မယ်တဲ့ စကားက ကုန်ကောပေါ့ ။ တစ်ချို့ဧည့်သည်တွေ သူနဲ့တွေ့လို့ ဧည့်ခံလိုက်လို့ကတော့ အဲ့ဧည့်သည်က အလုပ်မအပ်တော့ပဲ တစ်ခါတည်းပြေးပါလေကော အဲ့လောက်ထိတော်တာပါ ။ ရုံးမှာ ကျနော်နိုင်တာဆိုလို့ သူ ၊ သူ့ကိုနိုင်တာဆိုလို့ ကျနော်ပဲ ရှိပါတယ် ။ တစ်ခြားသူတွေ ပြောရတာမောပြီဆိုရင် “ မောင်မျိုး” ရေလုပ်ပါအုံး တဲ့ ။ ကဲ....ခိုင်မာလားနှင်းဆီ ဘာတွေအရစ်ရှည်ပြန်ပြီလည်း ပြောရတာလည်း မောပြီနော် အဲ့လို ခပ်တည်တည်နဲ့ ပြောလိုက်ရင်တော့ နင်တို့တွေ ငါ့ကိုပဲ အပြစ်ပြောနေကြတယ်ဆိုပြီး သွားအိပ်နေလိုက်တော့တာပဲ ကောင်းလိုက်တာ ။ တစ်ခုကောင်းတာက ကျနော်နေမကောင်းဖြစ်တဲ့ အခါတွေကျ ရေးနွေးလေး လာပေး သတင်းလာမေးတာဆိုလို့ သူပဲရှိတယ် ။

၃။ အနောက်တန်းက ကုဒ်နဲ့တစ်ယောက်
ဒီကောင်က ရုံးမှာအငယ်ဆုံး သူ့ကို ပဲခူးဆားလို့ ခေါ်ကြတယ် နေရာတကာပါလို့ ဖင်လည်းပေါ့တယ် ကိုယ်ပျင်းတဲ့ အခါကျ “ ညီလေးရေ လာကူပါအုံး ငါက သင်ပေးတာနော် စီနီယာဆိုတာ ဂလိုပဲ ဂျူနီယာတွေ သွန်သင်ပြရတယ် ”း) /“ အားး......အိပ်ငိုက်လိုက်တာ ကော်ဖီပူပူလေးတစ်ခွက်လောက်များ သောက်လိုက်ရလို့ကတော့ ဇိမ်ပဲ ဟိုနေ့က ပဲခူးဆားဖျော်ပေးတဲ့ ကော်ဖီတော်တော် သောက်လို့ကောင်းတယ် မင်း သကြား ဘယ်နှစ်ဇွန်း ထည့်လည်း ညီ ” အဲ့လိုလေး လေပြေလေးနဲ့ပြောလိုက်ရင်တော့ ကော်ဖီတစ်ခွက် ရှေ့တော်မှောက်ရောက်ပြီး ပိုင်တယ်ဟုတ် ။ ဒီကောင်က ဘန်ကောက်တတ် အလုပ်လုပ်မယ့် ရည်ရွယ်ချက် လူုပျို လူလွတ်ဆိုတော့လည်း ကိုယ်တွေလို သိပ်စဥ်းစားစရာမလို ။ ဘန်ကောက်သွားမယ့် ရည်ရွယ်ချက်ကတော့ ကောင်းလိုက်လေချင်း “ အောင်းသား ” ရှာစားမလို့တဲ့ ဘာတုန်းဟ အောင်းသားဆိုတော့ မဲဆောက်က စော်တွေ ကျူရတာ ကုန်င်္ပြီး အလန်းလေးတွေမရှိတော့ဘူးတဲ့ ဘန်ကောက်တတ်ပြီး အောင်းသား ရှာစားမယ်ဆိုပဲ ကောင်းလိုက်တဲ့ ရည်ရွယ်ချက်ပေါ့ ပဲခူးဆားရယ် ။

၎။
အလယ်က ရုပ်အင်မတန်ချောချင်တဲ့တစ်ယောက်က နံပါတ် ၁ ရဲ့ ညီပါ ဘယ်လိုများ ညီအစ်ကိုဖြစ်လဲ စဥ်းစားမရအောင်ပါပဲ အစ်ကိုက စကားပြောရမှာ ပျင်းသလောက် ညီကတော့ ပြောလိုက်လေ ခြင်း ။ဘယ်သူမှမခန့်ပါပဲ ကိုယ်တွေကြီးပဲ ခေါင်းဆောင်ခန့်ထားတယ် ။ တစ်လတစ်လ ဖုန်းလက်ခံစကားအပြောနိုင်ဆုံးသူကလည်း သူပါပဲ ။ကျန်တဲ့သူတွေ ဖုန်းပြောရမှာ ငြင်းနေကြတဲ့အချိန် သူကတော့ “ ဟုတ်ကဲ့ပါ ခင်ဗျား ကျနော် ဗလာ ဗလာ ကုန်မနီက ကိုဘယ်သူပါ ဟုတ်ကဲ့ခင်ဗျ ရပါတယ် ရပါတယ် စိတ်မပူပါနဲ့ ရုံးကို သွားလိုက် ကျနော့်တပည့်လေးတွေရှိတယ် ဟုတ်ကဲ့ပါ ကျနော် ဖုန်းဆက်ထားလိုက်မယ် စိတ်ချ အစ်ကို စိတ်ချ ” အမလေးလေး မသာကြီး ငါ့ကိုများ သူ့တပည့်တဲ့ အဲ့တာကြောင့်ပြောတယ် အဲ့ကုလားတွေ ပဲများတဲ့နေရတော့ ပြိုင်စံရှား ။တစ်ခုကောင်းတာတော့ ရှိသား အရေးကြောင်းရယ် ပြသနာဖြစ်လို့ မလုပ်တတ်မကိုင်တတ်ဖြစ်ပြီဆိုရင် သူက ဖြေရှင်းနိုင်တယ် ပိုင်ရာဆိုင်ရာတွေ ရှိတယ် တောပိုင် တောင်ပိုင်တွေရှိတယ် တစ်ယောက်တစ်မျိုးဆီတော့ သုံးစားလို့ရသားနော့် .။

၅။
နောက်ဆုံးတစ်ယောက် ခိုင်မာလာနှင်းဆီ ရဲ့ ညီမ ကြိုင်မာလာသင်းကြည် ( ကျနော်ပေးထားတဲ့ နာမည်တွေပါ ) အဆင်ပြေတာဆိုလို့ သူပဲရှိတယ် စာပေအကြောင်း ဆွေးနွေးမလား အလုပ်အဆင်မပြေလို့ ငြီးခြင်းချမလား ဘာအကြောင်းရာပဲ တိုင်ပင် တိုင်ပင် အကြံညဏ်ကောင်းပေးနိုင်ပါတယ် စီးပွားရေး အခြေနေကြောင့်သာ သူစိတ်ပါတဲ့ ကျူတာဆရာမ ၀င်မလုပ်ရပဲ ဒီလိုနေရမျိုးမှာ လာရုန်းကန်နေရတာပါ ။ MA ဘွဲ့ရတစ်ယောက် ဒီလိုမျိုး လုပ်နေရတာတော့ နာပါတယ်လေ သို့ပေမယ့် အကြောင်းကြောင်းတွေကြောင့်ပေါ့ ။ အဖေကို စိတ်ပူ ၊ အူလည်လည် အစ်မကိုစိတ်ပူ မောင်ကိုစိတ်ပူနဲ့ အရမ်းလူကြီးဆန်တဲ့ သူငယ်ချင်းမလေးပါ ။ ( ကျနော် ဘလော့ဖွင့်လိုက်တာနဲ့ ဖတ်မယ်ဆိုပြီး ရောက်ရောက်လာတဲ့သူမို့ သူ့အကြောင်းများများရေးလို့မဖြစ် ) :P ။

စွန့်စားခန်းတစ်ခုမှာ ကျနော်တို့တွေလာဆုံကြတယ် တစ်နေ့တော့ တစ်ယောက်တစ်နေရာဆီင်္ ကိုယ်စီဘ၀တွေနဲ့ပေါ့ ခလထုတ်ရင်တော့ဖြင့် ဘယ်ကိုသွားလိုက်အုံးမယ် ဘယ်နေ့က ဘယ်သူကဘယ်လိုအလွဲတွေဖြစ်သွားတာဆိုပြီး ရယ်စရာ ဟာသလေးတွေဖြစ်ဖြစ်သွားတတ်တဲ့ ကျနော့်အလုပ်က သူငယ်ချင်းတွေအကြောင်း အမှတ်တရပါ နောင်တစ်ချိန် ပြန်ဖတ်ရင် ဒီသူငယ်ချင်းတွေ ဘယ်လိုအခြေနေမျိုးတွေ ဖြစ်နေမှာပါလည်းလို့တွေးနေမိတယ် ကျနော်ကကော ဘာတွေဖြစ်လာမှာလည်း ဘာတွေကို ကြုံတွေ့ရအုံးမလည်း ဆိုတာ တွေးရင်း ငေးရင်း ဆွေးရင်းးးး.........................။




Sunday, August 1, 2010

ငမွဲ


ရေးလက်စ ကဗျာတစ်ပိုင်းတစ
ကာရံတွေပျောက်သွားသလို
မက်လက်စ အိပ်မက်တချို့
မက်နေတုန်း လှုပ်နှိုးခံလိုက်ရသလို
အလန့်တကြား
တကယ်တော့ ချစ်သူ မင်းကို ချစ်ရတာလေ
ရေပေါ်ကို လမ်းလျှောက်
ပလုံခနဲနေမှ နစ်းမှန်းသိလိုက်ရ
အချစ်ဆိုတာဟာလည်း အိပ်မက်ထဲမှာပေါက်တဲ့
ထီလက်မှတ်လိုပါပဲ မိုးလည်းလင်းရော ခြေခြေမြစ်မြစ်ပြစရာဘာမှမရှိ
မင်းအတွက် အပြုံးချိုချို တွေကလွဲလို့ ဒီငမွဲက မွဲတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...