Monday, May 15, 2017

အမေ....

အိမ်နဲ့အဝေးမှာနေကြတဲ့သားသမီးတွေ အမေနဲ့တစ်ပါတ်ဘယ်နှစ်ရက်ဆုံနိုင်ကြပါသလဲ အမေနဲ့ တစ်ပါတ်ကိုဘယ်နှစ်ခါထမင်းတူတူစားကြပါသလဲ။ ကမ္ဘာမှာအလုပ်အများဆုံးလို့ပြောလို့ရတဲ့သူ လုပ်ငန်းဆောင်တာ ထောင်နဲ့သောင်းနဲ့ချီစီစဉ်ဆောင်ရွက်ရမယ့်သူ စစ်သားပေါင်းသန်းနဲ့ချီကို အုပ်ချုပ်ရတဲ့မင်းတစ်ပါးဟာ သက်တော် ၉၃ နှစ်ရှိပြီဖြစ်တဲ့ မယ်တော်ဆီကို ညနေတိုင်းသွားပါတယ် ပြီးတော့ အမေနဲ့ ညနေစာတူတူစားတယ် တစ်ပါတ်ကို၅ရက် အမေစိတ်လန်းလာအောင်ပြောတယ် အတူတူရှိနေပေးတယ် ။ ကျနော်တို့ဆိုရင်ကော မအားတာနဲ့ သူငယ်ချင်းတွေနဲ့ချိန်းထားတာမို့လို့ အပြင်မှာစားခဲ့ပြီးပြီမို့လို့ပြောကြမှာမှတ်လား ။

ဘုရင်ကြီးဟာ မယ်တော်ဆီကိုသွားတိုင်း အမေ့ရဲ့ရင်ခွင်ကိုလက်အုပ်ကလေးးချီလို့ အရိုသေးပေးတယ် မယ်တော်ဟာ သူ့သားရဲ့ကိုယ်ကိုရင်ခွင်ထဲထိပွေ့ဖက်တယ် ပြီးတော့ ပါးတွေကိုနမ်းတယ် ဘာကြောင့်နမ်းတယ်လို့ထင်ပါသလဲ မွှေးမြလို့ လို့ ကျနော်တော့မထင်ဘူး ဘုရင်ကြီးက ရေအေမွှးမှမသုံးတာပဲ ။ ဒါဆိုဘာကြောင့်နမ်းပါသလဲ မယ်တော်ဟာ သားတော်တစ်ပါးဆီက ချစ်ခြင်းတရားရနံ့ကိုနမ်းတယ် ရိုသေလေးစားမှုကိုနမ်းတယ် နှလုံးသာှးဆီက ရနံ့ကိုနမ်းပါတယ် ။

တကယ်ဆို သာမန်အရပ်သူဘ၀ကလာတဲ့ သာမန်အမျိုးသမီးကလေးကို အရှင့်သားတစ်ပါးအနေနဲ့မွေးဖွားလာသူ တော်ဝင်သွေး နန်းဆက်ခံနိုင်ဖို့အလားအလာရှိသူမင်းတစ်ပါး က အမြဲတမ်းရှစ်ခိုးအရိုသေပြုကြတယ် ။ တစ်ချို့သူတွေကတော့ အဆင့်တန်းမြင့်တဲ့ရာထူးဂုဏ်လေးများရှိသွားကြရင် မိခင်ကိုလူကြားထဲ ကန်တော့ဖို့ဆိုတော့ ရှက်ရွံ့သလိုလိုဖြစ်တတ်ကြတယ်မဟုတ်လား။

တစ်ကြိမ်မှာတော့ ဘုရင်ကြီးကော သူ့ရဲ့မယ်တော်မှာ နာမကျန်းဖြစ်ကြတော့ ဆီရီရာ့ဆေးရုံမှာ ဆေးကုသမှုခံယူကြရတယ် တစ်ဦးတစ်နဲ့တစ်ဦး အဆောက်အဦးတစ်ခုဆီမှာပေါ့ ။ ဘုရင်ကြီးရဲ့အခန်းကို သူ့မယ်တော်က လာတော့ သူနာပြုတွေက လက်တွန်းလှည်းကလေးနဲ့ တွန်းလာပေးကြတယ် ဘုရင်ကြိးအခန်းပေါက်ဝရောက်တော့ သူ့မယ်တော်ကိုတွေ့တာနဲ့ ကမန်းကတန်းဆင်းလာပြီး လက်တွန်းလှည်းကိုယူတွန်းပါတယ် မယ်တော်က ( …နေပါစေလေ…သူနာပြုတွေရှိတာပဲ သူတို့တွန်းပါစေ သက်တောင့်သက်သာ ကိုယ့်ပါသာနေစမ်းပါလေ) လို့ပြောတော့ …. ဘုရင်ကြီးကပြန်ပြောတယ် ( ကိုယ့်အမေကို ကိုယ်ရှိနေရဲ့သားနဲ့ တစ်ခြားသူက ဘာလို့ ကူတွန်းပေးနေဖို့လိုမှာလဲ ကိုယ့်ပါသာပဲတွန်းမှာပေါ့) တဲ့ ။ အမေနဲ့စကားတွေအကြာကြီးပြောတယ် အမေ့ကိုထမင်းခွံတယ် ရေတိုက်တယ် ဆေးတိုက်တယ် သူဟာ ဘုရင်တစ်ပါးဖြစ်နေသည့်တိုင်အောင်။

မယ်တော်နဲ့ ည ၁၀နာရီ ၁၁ နာရီတိုင်အောင်အဖော်ပြုတယ် အမေ့လက်ကလေးကိုကိုင်လိုက် အမေ့ကိုဖက်လိုက်နဲ့ နွေးထွေးစွာအဖော်ပြုပေးတယ် တစ်ခါတလေ အမေအိပ်ပျော်သွားးမှသူပြန်တယ် ။ တစ်ရက်တော့ သူပြန်ပြီးမှ ဆေးရုံကအကြောင်းကြားလာတယ် မယ်တော်ကြီးစိုးရိမ်ရတဲ့အကြောင်း သူ ချက်ချင်းဆေးရုံကိုပြန်တယ် ။ မယ်တော်ကြီးရဲ့ ကုတင်ပေါ်မှာ မျက်လုံးကလေးမှိတ်လို့ငြိမ်သက်စွာအနားယူနေတယ် အမေ့ရင်ခွင်နားသွား ဦးခေါင်းကိုတိုးကပ်လို့ (…အမေ့နှလုံးသားကို နောက်ဆုံးအချိန်နမ်းခွင့်ပြုပါအုံး) ဆိုပြီး အမေ့ရဲ့ရင်ခွင်ကိုနမ်းလိုက်ပါတယ် ။ ဒီသာမန်နှလုံးသားရှိသူကပဲ သာမန်အရပ်သူလေးပဲ နိုင်ငံတစ်နိုင်ငံကဘုရင်တစ်ပါးဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးခဲ့တာမဟုတ်လား ။

ဘီးတစ်လက်ကိုယူပြီး အမေ့ရဲ့ဆံပင်တွေကိုဖြီးသင်ပေးတယ် အမေသာအလှဆုံး အ၀တ်စားတွေကူလဲပေးတယ် ဟုတ်တယ် အမေကအလှဆုံး မယ်တော်ကြီးရဲ့နောက်ဆုံးအချိန်ထိ တူတူရှိအဖော်ပြုပေးတယ်။ဒါဟာ ရှားပါးလွန်းလှတဲ့သားတစ်ယောက်ရဲ့မိခင်အပေါ်ရိုသေလေးမြတ်မှုပါပဲ ။

တကယ်လို့သာ ဒီစာကလေးဖတ်ပြီး သင့်ရဲ့မိခင်ကိုမမေ့ဖို့ပြောပါရစေ မိခင်ကိုအချိန်ပေးသင့်တာပေါ့ အမေ့မှာ ကျနော်တို့ကိုပြောစရာစကားတွေရှိချင်ရှိနေမှာလေ။အလုပ်အင်မတန်များပါတယ်ဆိုသော ဘုရင်ကြီးတောင် သူ့မိခင်အတွက်အချိန်ပေးနိုင်သေးရင်…..ကျနော်တို့ကကော

#MgMyo
ဆီလျှော်အောင်ဘာသာပြန်သည်။

1 comment:

ခနွဲ said...

ကျွန်တော်လည်း တတိယ အကြိမ်ပြန်လာချင်လို့ ဝင်ဖတ်နေမိ

LinkWithin

Related Posts Plugin for WordPress, Blogger...